Sunday, December 2, 2012

Smart Taskbar Version1.29d



Taskbar ဆိုတဲ့အသုံးအနှုန်းကိုကွန်ပျူတာအသုံးပြုတဲ့သူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ။ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေနဲ့အမြဲလိုလိုအသုံးပြုရတဲ့application တွေကိုအလွယ်တကူအသုံးပြုနိုင်အောင်monitor ရဲ့အောက်ခြေမှာဖော်ပြပေးထားတဲ့bar လေးတစ်ခုဖြစ်ပါတယ်။အခုAndroid ဖုန်းတွေအတွက်လည်းအဲဒီလိုTaskbar မျိုးအသုံးပြုနိုင်အောင်ဖော်ပြပေးပါမယ်။ကွန်ပျူတာပေါ်ကTaskbar လောက်တော့မပြည့်စုံပေမယ့် Android ဖုန်းတွေအတွက်တော့လိုအပ်ချက်တစ်ခုကိုဖြည့်ဆည်းပေးလိုက်သလိုပါပဲ။Smart Taskbar လို့ခေါ်တဲ့Apps လေးဟာဖုန်းရဲ့Home screen ပေါ်မှာမြှားခေါင်းပုံ(shortcut)လေး ပေါ်နေမှာဖြစ်ပြီး Homescreen တစ်ခုထက်ပိုထားတဲ့ ဖုန်းတွေမှာလည်း ဘယ် Homescreen ပေါ်ရောက်ရောက် အမြဲ ပေါ်နေမှာဖြစ်ပါတယ်။ ဂိမ်းတွေ၊ Apps တွေထဲရောက်နေရင်လည်း အဲ့ဒီ shortcut က အမြဲပေါ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခုခုလိုချင်တိုင်း all application ထဲကို အမြဲတမ်းဝင်နေစရာ မလိုတော့ပါ ဘူး။ ဒီ shortcut ကိုနှိပ်လိုက်တာနဲ့ application တွေထဲ ရောက်သွားပါလိမ့်မယ်။ အမြဲတမ်းသုံးလို တဲ့ application တွေကိုလည်း quick launch bar ထဲ ထည့်ထားနိုင်ပါတယ်။ Smart Taskbar Apps ဟာ အရေးကြီးတဲ့အချိန်မှာ အလွယ်တကူ အသုံးပြုနိုင်တဲ့အတွက် စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။
          Smart Taskbar v1.29d.apk ကို Phone ရဲ့ Storage တစ်ခုခုထဲကို ထည့်ပြိးတစ်ချက်နှိပ် လိုက်ပါမယ်။ ပြိးရင် install ကို ဆက်နှိပ်ပါ။
          အနည်းငယ်ကြာတာနဲပ application install လုပ်ပြီးကြောင်း box ပေါ်လာပါမယ်။ done ကိုနှိပ်ပါ။ ပြီးရင် all application ထဲက Smart Taskbar icon ကိုရှာပြီး ဖွင့်လိုက်ပါ။
          Smart Taskbar Application ပွင့်လာဖို့ ပထမဆုံးအကြိမ် ဖွင့်တဲ့အတွက် database ရေးသား ရတဲ့အတွက် ခဏတော့ စောင့်ရပါမယ်။
          Smart Taskbar application ပွင့်လာပြီး အသုံးပြုနိုင်ဖို့အတွက် activation mode ကို နှိပ်ကြည့်ပါ။ Start Taskbar ကို On ထားတာ တွေရပါလိမ့်မယ်။ ဒါဆိုရင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
          Home button ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ။ Home screen ရဲ့ ညာဘက်အပေါ်ပိုင်းနားမှာ မြှားခေါင်းပုံ button လေးတစ်ခု တွေ့ပါလိမ့်မယ်။
          အဲ့ဒီမြှားလေးဟာ smart taskbar ရဲ့ shortcut ဖြစ်ပြီး တစ်ချက်နှိပ်လိုက်တာနဲ့ smart taskbar ပွင့်သွားကာ All apps, task, Widget, Addnew စတဲ့ tab တွေမြင်ရပါလိမ့်မယ်။
          ဖုန်းထဲမှာထည့်သွင်းထားသမျှ Apps တွေအကုန်လုံးကို တွေ့မြင်ရမှာဖြစ်ပြီး ကိုယ်ပိုင်နာမည် တစ်ခုနဲပ စိတ်ကြိုက် Apps တွေကိုရွေးချယ်ကာ ဖန်တီးနိုင်ပါတယ်။
          Apps တွေရဲ့အပေါ်မှာ(+) ပုံစံ button လေး(၅) ခုရှိပါတယ်။ အဲ့ဒီနေရာကို quick lunch bar လို့ခေါ်ပြိး စိတ်ကြိုက် apps (၅) ခုကို ထည့်သွင်းထားနိုင်ပါတယ်။
          Homescreen တစခုထက်ပိုထားတဲ့ ဖုန်းတွေမှာလည်း ဘယ် Homescreen ပေါ်ရောက် ရောက် အမြဲပေါ်နေမှာဖြစ်တဲ့အတွက် နေရာမရွေး apps တွေ၊ ဂိမ်းတွေ အလွယ်တကူ အသုံးပြုနိုင် ပါတယ်။
          File size 709 kb သာရှိပြီး Android OS Version 2.0 နဲ့အထက်မှာ အဆင်ပြေစွာအသုံးပြု နိုင်ပါတယ်။ http://www.mediafire.com/?718e3640bpi36dn မှာရယူနိုင်ပါတယ်။

မှတ်ချက် ။ ။Mobile Guide journal မှကိုမင်းသုနောင်၏ရေးသားချက်ကိုကူးယူဖော်ပြခြင်းဖြစ်ပါသည်…။

0 comments:

Post a Comment