
Android OS Setting စနစ်များအသုံးပြုခြင်း(၆) မှာတုန်းက ကျန်ရှိနေသေးတဲ့ Android OS Setting နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့
Android OS Setting စနစ်များအသုံးပြုခြင်း(၆) မှာတုန်း ကတော့ Allow Mock Locations ဆိုတဲ့စနစ်ကို ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးတော့ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Account & Sync ဆိုတဲ့စနစ်အကြောင်းကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီစနစ်ထဲမှာတော့ Background Data နဲ့ Auto Sync ဆိုတဲ့စနစ်နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Background Data ဆိုတာကတော့ ကိုယ့်ဖုန်းထဲကို အခြားတစ်နေရာကနေပို့လိုက်တဲ့ Application တွေနဲ့ ကိုယ်ကပြန်ပြီးတော့ အခြားတစ်ယောက်ကို ပို့လိုက်တဲ့ Application အစရှိတာတွေကို ဖုန်းထဲမှာ သတ်မှတ်သိမ်းဆည်းပေးထားပြီး အချိန်တိုင်းမှာ ရယူအသုံးပြုနိုင်မယ့် စနစ်ဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Auto-sync ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါကတော့ ဖုန်းအချင်းချင်း ချိတ်ဆက်တာပဲဖြစ်ဖြစ်၊ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်တာပဲဖြစ်ဖြစ်၊ Application တွေနဲ့ ချိတ်ဆက်တာပဲဖြစ်ဖြစ် ဖုန်းက အလိုအလျောက်သိရှိနိုင်ဖို့အတွက် အသုံးပြုနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ ဖုန်းတိုင်းမှာ သိပ်မပါဝင်ပါဘူး။ အဲဒါကတော့ Motion ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းတိုင်းမှာ သိပ်ပြီးတော့မပါဝင်တတ်ပါဘူး။ အချို့ဖုန်းတွေမှာတော့ ဒီစနစ်ကို Gusture Control စနစ်လို့လည်း ခေါ်ဝေါ်သုံးစွဲထားတာမျိုးလည်း ရှိပါတယ်။ ဒါကတော့ ဖုန်းကို လှုပ်ရှားမှုတစ်ခုနဲ့ အ၀င်ခေါ်ဆိုခြင်း Ring သံတွေကို ပိတ်ပေးနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ Motion Activation ဆိုတဲ့နေရာမှာ အမှတ်အသားလေး ပြုလုပ်ထားလိုက်မယ်ဆိုရင်တော့ ဒီစနစ်ကို အသုံးပြုလို့ရနိုင်ပါပြီ။ ဒီထဲမှာတော့ Turn Over, Tilt, Panning, Double Tap ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Turn Over ဆိုတာကတော့ ကိုယ့်ဖုန်းထဲကို အ၀င်ခေါ်ဆိုမှု Ring သံမြည်လာတဲ့အခါမှာ ဖုန်းကို ပုံမှန်အနေအထားကနေ မှောက်လိုက်ရုံနဲ့ မြည်နေတဲ့ Ring သံပိတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်က Ring သံကိုပဲ ပိတ်ပေးတာပါ။ ဖုန်းတော့ကျမသွားပါဘူး။ ပြောချင်တယ်ဆိုရင် ခလုတ်ကိုနှိပ်ပြီး ပြောနိုင်ပါတယ်။ Tilt ဆိုတာကတော့ Motion စနစ်ကို အသုံးပြုတဲ့နေရာမှာ Motion Sensitive ကို ကိုယ်နှစ်သက်သလိုချိန်ပြီး အသုံးပြုနိုင်မယ့်နေရာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစနစ်ကဖုန်းနဲ့ Browser စနစ်တွေ၊ Gallery စနစ်တွေကို အသုံးပြုတဲ့နေရာမှာ Screen နဲ့ ဘယ်လောက်အရွယ်အစားနဲ့ ကြည့်ရှုမယ်ဆိုတာကိုလည်း ချိန်ညှိနိုင်မှာဖြစ်ပြီး ဒီလိုချိန်ညှိတဲ့နေရာမှာလည်း ဖုန်းကိုလှုပ်ရှားမှု Motion စနစ်နဲ့ မြင်ကွင်းတွေကို ချုံ့နိုင်၊ ချဲ့နိုင်မှာလည်းဖြစ်ပါတယ်။ ဖုန်းရဲ့ Screen ကို လက်နှစ်ဖက်နဲ့ထောက်ပြီး လှုပ်ရမ်းလိုက်တာနဲ့ Screen က လိုအပ်သလို ချုံ့ခြင်း၊ ချဲ့ခြင်း ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ Panning ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာရှိနေတဲ့ Application Icon တွေကို ဖျက်တာပဲဖြစ်ဖြစ် တစ်နေရာကနေ အခြားတစ်နေရာကို ရွှေ့ပြောင်းတာပဲဖြစ်ဖြစ်၊ Application တွေကို Page တစ်ခုကတော့ အခြားတစ်ခုကို ပြောင်းရွှေ့တာပဲဖြစ်ဖြစ် ဒီိလိုစနစ်တွေကို အသုံးပြုတဲ့အခါမှာ Touch ရဲ့ Sensitive နှုန်းကို ချိန်ညှိပေးနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ Application Icon တွေကို စာမျက်နှာတစ်ခုကနေ အခြားတစ်ခုကိုပြောင်းရွှေ့တဲ့နေရာမှာ ဖုန်းကိုလှုပ်ရှားမှု Motion စနစ်နဲ့ အသုံးပြုနိုင်မယ့်စနစ်ပါ။ ဖုန်းကို လိုအပ်သလို လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် စာမျက်နှာ Page တွေကို တစ်ခုချင်းစီ ပြောင်းလဲရွှေ့ပြောင်းသွားနိုင်မှာလည်းဖြစ်ပါတယ်။ Double Tap ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Voice Command စနစ်နဲ့ Voice Talk အစရှိတဲ့စနစ်တွေကို အသုံးပြုမယ့်အချိန်မှာ ဖုန်းရဲ့ Body အပေါ်ထိပ်ဘက်ကို လက်ဖ၀ါးနဲ့နှစ်ချက် (Double Tap) ပုတ်လိုက်ရုံနဲ့ ကိုယ်အသုံးပြုချင်တဲ့ Voice နေရာကို ရောက်ရှိလာမှာဖြစ်ပြီး ခေါ်ဆိုခြင်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီစနစ်တွေအားလုံးကတော့ ဖုန်းခလုတ်တွေကိုနှိပ်ခြင်း၊ ဖုန်းတွင်းစနစ်တွေထဲကို တစ်ခုချင်းစီ အ၀င်အထွက်ပြုလုပ်ရခြင်းတွေမရှိပဲ Motion စနစ်လှုပ်ရှားမှုတွေနဲ့တင် အသုံးပြုနိုင်မယ့်စနစ်တွေကို စုစည်းထားတဲ့နေရာလည်းဖြစ်ပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။






0 comments:
Post a Comment