Wednesday, January 16, 2013

Android OS Setting စနစ်များအသုံးပြုခြင်း(၆)


Android OS Setting စနစ်များအသုံးပြုခြင်း(၅) တုန်းက Android OS ရဲ့ Setting စနစ်တွေထဲက Application ဆိုတဲ့စနစ်အကြောင်းကို ပြောပြခဲ့ပါတယ်။ Application ထဲမှာပါဝင်တဲ့စနစ်တွေထဲက Unknown Sources ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ယခုဆက်လက်ပြီး ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဒီတစ်ခါတော့ Manage Application ဆိုတဲ့အကြောင်းကို ပြောပြပါမယ်။ Manage Application ဆိုတဲ့ထဲမှာတော့ Download, All, On SD Card, Running ဆိုတဲ့ အစရှိတဲ့စနစ်တွေကို ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ Download ဆိုတဲ့စနစ်ကတော့ ဖုန်းထဲကိုထည့်သွင်းမယ့် Application ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ကိုယ်တိုင် Download ပြုလုပ်ပြီး ထည့်သွင်းထားတယ်ဆိုရင်တော့ ကိုယ် Download ပြုလုပ်ထားတဲ့ဖိုင်တွေကို ဒီနေရာမှာ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ All ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာရှိသမျှ Application တွေအားလုံးကို မြင်တွေ့နိုင်မယ့်နေရာပဲဖြစ်ပါတယ်။ On SD Card ဆိုတာကတော့ ဖုန်းရဲ့ SD Card ထဲကနေယူပြီး ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေကို ပြသမယ့်နေရာပဲဖြစ်ပါတယ်။ Running ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာအလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတွေအားလုံးကို ပြသပေးနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ Manage Application ရဲ့ All ဆိုတဲ့နေရာမှာတော့ ဖုန်းထဲမှာရှိနေတဲ့ ကိုယ်အသုံးမပြုချင်တဲ့ဆော့ဖ်ဝဲတွေရှိတယ်ဆိုရင် Foce Stop လုပ်ပြီး ရပ်တန့်ထားနိုင်သလို Uninstall ပြုလုပ်ပြီး အပြီးတိုင်ဖျက်ပစ်ချင်တယ်ဆိုရင်လည်း ရနိုင်ပါတယ်။ Manage Application စနစ်ပြီးသွားရင်တော့ နောက်ထပ်စနစ်တစ်ခုက Running Service ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို နှိပ်လိုက်တယ်ဆိုရင်တော့ Manage Application ထဲက Running ဆိုတဲ့ထဲကို တန်းပြီးရောက်သွားမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Memory Usage ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ထဲကိုဝင်လိုက်ရင်တော့ Manage Application ရဲ့ All ဆိုတဲ့စနစ်ထဲကို ရောက်ရှိမှာဖြစ်ပြီး အောက်ဖက်မှာတော့ Application အားလုံးအတွက် အသုံးပြုထားတဲ့ ဖုန်းမှတ်ဥာဏ်ကို ဖော်ပြပေးထားမှာဖြစ်ပါတယ်။ Battery Usage ဆိုတာကတော့ ဖုန်းရဲ့ဘက်ထရီက ရာခိုင်နှုန်းဘယ်လောက်ထိ အသုံးပြုနေတယ်ဆိုတာကို ဖော်ပြပေးတဲ့နေရာပဲ ဖြစ်ပါတယ်။ Screen အတွက် ဘယ်လောက်ရာခိုင်နှုန်း၊ ဖုန်းပြောဆိုခြင်းအတွက် ဘယ်လောက်ရာခိုင်နှုန်း အစရှိသဖြင့် ဖုန်းတွင်းအသုံးပြုစနစ်တွေအတွက် ဘက်ထရီအသုံးပြုမှုရာခိုင်နှုန်းတွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Development ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာတော့ USB Debugging ဆိုတဲ့စနစ်နဲ့ Allow Mock Location ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ USB Debugging ဆိုတဲ့စနစ်ကတော့ Android OS ဖုန်းတွေကို ကွန်ပျူတာနဲ့ USB စနစ်ချိတ်ဆက်မယ်ဆိုရင် ကြုံတွေ့ရမယ့် အခက်အခဲပဲဖြစ်ပါတယ်။ Android OS ဖုန်းတွေ ကွန်ပျူတာနဲ့ USB စနစ်ချိတ်ဆက်တဲ့အခါမှာ တစ်ခါတစ်ရံ ချိတ်ဆက်လို့မရပဲ ရှိနေတတ်ပါတယ်။ ဒီလိုမျိုး ချိတ်လို့မရဘူးဆိုရင်တော့ USB Debugging ဆိုတဲ့နေရာမှာ အမှန်ခြစ်ကလေး မှတ်သားပေးရပါလိမ့်မယ်။ ဒါဆိုရင်တော့ ချိတ်ဆက်လို့ရသွားမှာပါ။ Allow Mock Location ဆိုတဲ့စနစ်ကတော့ GPS စနစ်အသုံးပြုမယ့်သူတွေနဲ့ သက်ဆိုင်တဲ့စနစ်တစ်ခုပါပဲ။ ဒီစနစ်နေရာမှာ အမှန်ခြစ်ကလေး ပြုလုပ်ပေးထားခဲ့မယ်ဆိုရင်တော့ GPS အသုံးပြုတဲ့နေရာမှာ ကိုယ်အသုံးပြုခဲ့တဲ့ နေရာဒေသမြေပုံတွေကို သူက မှတ်သားထားပေးမှာဖြစ်ပါတယ်။ ဒီလို မှတ်သားထားပေးတဲ့နေရာမှာ GPS ရဲ့မြေပုံစနစ်တွေကို အသုံးပြုခဲ့တဲ့အတိုင်း မှတ်သားထားပေးတာဖြစ်ပါတယ်။ ကိုယ်ကပြန်လည်အသုံးပြုချင်တဲ့အခါမှာ Map ကိုပြန်ဆွဲနေတာကို စောင့်နေဖို့မလိုအပ်ပဲ တိုက်ရိုက်တန်းပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ GPS စနစ်ကနေ ကျန်ရှိနေခဲ့တဲ့ မြေပုံတုစနစ်တစ်ခုလို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒီစနစ်မှာ မြေပုံတွေကို မှတ်သားပေးတဲ့နေရာမှာ အချို့ဖုန်းတွေမှာ အချိန်အကန့်အသတ်ရှိနေပါတယ်။ ဒါကိုတော့ သတိထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ အချို့ဖုန်းတွေမှာဆိုရင် မြေပုံကို ၃ ရက်ပဲသိမ်းပေးပြီး ထပ်မံအသုံးမပြုဘူးဆိုရင် သူ့အလိုလိုပျောက်သွားပါတယ်။ မြေပုံတွေကို အမြဲတမ်းအသုံးပြုဖို့အတွက် သိမ်းထားချင်တယ်ဆိုရင်တော့ Download ပြုလုပ်ပြီး ဖုန်းထဲမှာသိမ်းထားမှပဲ ရနိုင်ပါလိမ့်မယ်။ အချို့ဖုန်းတွေမှာတော့ တစ်ခါတစ်ရံ လေးငါးရက်လောက်ထိ မြေပုံကို သိမ်းပေးထားတာမျိုးလည်း ရှိပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

0 comments:

Post a Comment