
Android OS Setting စနစ်များအသုံးပြုခြင်း၏ Location & Security ဆိုတဲ့စနစ်ထဲက ကျန်ရှိနေတဲ့အချက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Set Up Screen Lock ဆိုတဲ့ထဲမှာတော့ None, Pattern Lock, PIN, Password အစရှိတဲ့စနစ်တွေ ထပ်ပြီးတော့ရှိနေပါတယ်။ None ဆိုတာကတော့ Screen Lock အတွက်အသုံးမပြုခြင်းပါ။
Pattern Lock ဆိုတာကတော့ ဖုန်းရဲ့ Screen ပေါ်မှာ အမှတ်အသားလေးတွေရှိပြီး အဲဒီအမှတ်အသားလေးတွေပေါ်မှာ ကိုယ်က မျဉ်းကြောင်းပုံစံတစ်ခုကိုဆွဲပြီး မှတ်သားတဲ့ Password ပုံစံမျိုးပဲဖြစ်ပါတယ်။ PIN ဆိုတာကတော့ ဖုန်းရဲ့ Screen Lock စနစ်ကို ဂဏန်းတွေနဲ့နှိပ်ပြီး ဖွင့်ရတဲ့ Password ပုံစံမျိုးနဲ့ Lock ပြုလုပ်မယ်လို့ သတ်မှတ်ပေးတာဖြစ်ပါတယ်။ ဒါဂဏန်းသီးသန့်ပဲ 1, 2, 3, 4 နှိပ်ပြီးဖွင့်ရမှာပါ။ Password ဆိုတာကတော့ ဖုန်းရဲ့ Screen Lock စနစ်ကို Password ပုံစံမျိုး ဂဏန်းတွေနှိပ်တဲ့ပုံစံမျိုးနဲ့ ပြုလုပ်နိုင်မယ့်နေရာဖြစ်ပါတယ်။ သူကတော့ အပေါ်မှာဖော်ပြခဲ့တဲ့ PIN လိုမျိုး ဂဏန်းတွေကြီးပဲမဟုတ်တော့ပဲ အက္ခရာတွေပါ ပါဝင်လာပါတယ်။ ကီးဘုတ်တစ်ခုရဲ့ ပုံစံမျိုးနဲ့ဖုန်းရဲ့ Screen ကို ကိုယ်ကြိုက်နှစ်သက်တဲ့ Password ကိုပေးထားပြီး အသုံးပြုနိုင်ပါတယ်။ ဒါကတော့ Set Up Screen Lock ဆိုတဲ့ထဲမှာရှိနေတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Set Up SIM Card Lock ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကိုတော့ အချို့ဖုန်းတွေမှာ PIN Code ဆိုပြီးတော့ သတ်မှတ်ခေါ်ဆိုတာလည်း ရှိပါတယ်။ PIN ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Sim Card နဲ့သက်ဆိုင်တဲ့ Lock စနစ်ဖြစ်ပါတယ်။ Sim Card ကို Password ပေးပြီး Lock ချထားနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ဂရုစိုက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ PIN နေရာမှာ Password ကို ကိုယ်ကမှားပြီးနှိပ်မိတယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ပေးထားပြီးသားပက်စ်ဝက်ဘ်ကို မသိတော့ရင်ပဲဖြစ်ဖြစ် ဖုန်းရဲ့ Sim Card က Lock ကျသွားမှာပါ။ ဒါဆိုရင်တော့ ပြင်ပမှာ ပြုလုပ်လို့မရတော့ပဲ မြန်မာ့ဆက်သွယ်ရေးရုံးမှာပြန်သွားပြီး ကတ်ကို Lock ပြန်ဖြည်မှပဲ ရမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ SIM Change Alert ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ပြည်တွင်းမှာအသုံးပြုဖို့ သိပ်အဆင်မပြေပါဘူး။ ဒါကတော့ ၀န်ဆောင်မှုတစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဖုန်းထဲကိုထည့်သွင်းအသုံးပြုတဲ့ SIM Card ကပြောင်းလဲသွားမယ် ဒါမှမဟုတ် မှားယွင်းနေမယ်ဆိုတဲ့အချိန်တွေမှာ SIM Card ပြောင်းလဲသွားကြောင်းကို အလိုအလျောက် Message ပို့ပေးနိုင်မယ့်စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို ပြည်တွင်းမှာ အသုံးပြုမယ်ဆိုရင်တော့ Network Error ဆိုတဲ့ စာပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Visible Password ဆိုတဲ့စနစ်ကတော့ Set Up Screen Lock ဆိုတဲ့ စနစ်ထဲက Pattern Lock စနစ်ကို အသုံးပြုတဲ့နေရာမှာ ကိုယ်အသုံးပြုတဲ့ Password Type လို့ခေါ်တဲ့ Password ဆွဲသားပုံကို ဖော်ပြပေးမယ့် စနစ်ပဲဖြစ်ပါတယ်။ ဒါတွေကတော့ ပုံမှန်အားဖြင့် Android OS ဖုန်းတွေမှာမြင်တွေ့ရမယ့် စနစ်တွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ အချို့ဗားရှင်းတွေမှာတော့ ခုဖော်ပြခဲ့တဲ့စနစ်တွေ အကုန်မပါဝင်တာရှိသလို ဒီထက်ပိုပြီးပါဝင်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေအားလုံးကတော့ Location & Security ဆိုတဲ့စနစ်ထဲမှာ မြင်တွေ့ရမယ့် စနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Application ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ ပါဝင်တဲ့စနစ်တွေကတော့ Unknown Sources, Manage Application, Running Services, Memory Usage, Battery Usage, Development, Samsung Apps အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီထဲကမှာ ပထမဆုံးအနေနဲ့ Unknown Source ဆိုတဲ့အကြောင်းကို ပြောပြပါမယ်။ Android OS ဖုန်းတွေကို ဆော့ဖ်ဝဲတွေ ထည့်သွင်းတဲ့နေရာမှာ ဒီစနစ်ကအရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ Android OS ဖုန်းတွေမှာ Android Market ကမဟုတ်တဲ့ ဆော့ဖ်ဝဲတွေနဲ့ဖုန်းရဲ့ Original Website ကမဟုတ်တဲ့ ဆော့ဖ်ဝဲတွေဆိုရင် ထည့်သွင်းလို့မရနိုင်တဲ့ ပြဿနာရှိပါတယ်။ အဲဒီလိုမျိုး အခြားပြင်ပက ဆော့ဖ်ဝဲတွေကို ထည့်သွင်းချင်တယ်ဆိုရင်တော့ Unknown Source ဆိုတဲ့နေရာမှာ အမှတ်ကလေးပေးထားရပါတယ်။ အဲလိုမှ မလုပ်ထားရင်တော့ ဖုန်းထဲကိုထည့်သွင်းမယ့် ဆော့ဖ်ဝဲဟာ Install ပြုလုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။






0 comments:
Post a Comment