This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, January 21, 2013

ဘလော့ဂါများနဲ့  အခြေခံညာသင်တို့ အတွက် ပုံရိုက်ဖို့  ၊ Record လုပ်ဖို့ Fs63



အခုတင်ပေးတဲ့ ဆော့ဝဲနဲ့  ရိုက်လို့ ရသလို Print Sys Rq နဲ့ လည်းရတယ်နော် နမူနာရိုက်ပြတာ

ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ ဓာတ်ပုံရိုက်သလိုမျိုး အသုံးပြုချင်ရင် အဆင်

ပြေစေနိုင်တဲ့ Portable လေးတစ်ခုပါ ကီးဘုတ်မှာပါတဲ့ Print Screen ကိုနှိပ်ပြီး Paint

မှာ Paste လုပ်ရင်လည်း  အဆင်ပြေနိုင်ပါတယ် ။ ဘလော့ရေးသူတွေ အနေနဲ့ လည်း

အကြောင်းရာတစ်ခုခုကို ရှင်းပြချင်တဲ့အခါ  ကွန်ပျုတာထဲက  ပုံလေးတွေကို ရိုက်ယူဖို့ 

လိုပါတယ် နောက်တစ်ခုက Video recording ဖိုင် လုပ်ရင်လည်းရပါတယ်။ မိမိရှင်းပြ

လိုတဲ့ ဆော့ဝဲတစ်ခုအကြောင်း  နည်းပညာတစ်ခုအကြောင်း နမူနာလုပ်ပြနေတဲ့ အခါ

ကွန်ပျုတာမှာ ကိုယ်လုပ်နေသမျှကို Vedeo file အဖြစ် Recording ယူမှာဖြစ်ပါတယ်

ဘလော့ရေးသူ ၊နည်းပညာအကြောင်းရှင်းပြသူတွေအတွက် အတော်လေးအသုံးဝင်မဲ့

ဆော့ဝဲကောင်းလေးတစ်ခုဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..............။


ဒီမှာ Download ယူပါ  - 
Fastone Screen Capture (Portable )

ဒီမှာလည်း ယူလို့ ရတယ် - 
http://www.portablefreeware.com/?id=775

အသေစိတ်မူရင်းလင့်မှာ ဖတ်ပါ -
http://www.faststone.org/FSCapture

Features :
  • A small handy Capture Panel that provides quick access to its capture tools
  • Global hotkeys to activate screen capturing instantly
  • Capture windows, objects, menus, full screen, rectangular/freehand 
  • Capture multiple windows and objects including multi-level menus
  • Options to specify output destination (internal editor, clipboard, file, printer ...)
  • Draw annotation objects such as texts, arrowed lines, highlights, watermarks, 
  • Apply effects such as drop-shadow, frame, torn-edge and fade-edge 
  • Add image caption
  • Resize, crop, rotate, sharpen, brighten, adjust colors ...
  • Undo/Redo
  • Support external editors
  • Save in BMP, GIF, JPEG, PCX, PNG, TGA, TIFF and PDF formats
  • Convert images to multi-page PDF file
  • Send captured images by email
  • Send captured images to Word and PowerPoint documents
  • Send captured images to a Web (FTP) server
  • Record screen activities and sound into video files
  • Screen Color Picker
  • Screen Magnifier
  • Screen Ruler
  • Support multiple monitors
  • Run when Windows starts (optional)
  • Minimize to System Tray area
  • Small footprint in memory
  • And many more ...
 မှတ်ချက် ။ ။ ဒီPost ကိုကူးခဲ့တဲ့ဆိုက်ကိုကျွန်တော်မေ့သွားလို့မူရင်းပိုင်ရှင်များခွင့်လွှတ်ပေးပါဗျာ..။

Sunday, January 20, 2013

Zapya ဆော့ဖ်ဝဲအသုံးပြုပုံ (၂)


Zapya ဆော့ဖ်ဝဲအသုံးပြုပုံ (၁)က ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခင်အပတ်က Zapya ဆော့ဖ်ဝဲနဲ့ ဖုန်းတွေ ချိတ်ဆက်နိုင်မယ့်စနစ်ကို ဖော်ပြပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒီဆော့ဖ်ဝဲထဲမှာ ပါဝင်တဲ့စနစ်တွေနဲ့ အသုံးပြုပုံစံကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဆော့ဖ်ဝဲရဲ့ Interface ကိုကြည့်မယ်ဆိုရင်တော့ အပေါ်ဘက်မှာ Game နဲ့ Application ဆိုတဲ့စနစ်နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အောက်ဘက်မှာဆိုရင်တော့ App, Gallery, Media, File, History အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အပေါ်ဘက်မှာရှိနေတဲ့ စနစ်နှစ်ခုဖြစ်တဲ့ Game နဲ့ Application ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဂိမ်းတွေနဲ့ Application တွေကို စုစည်းဖော်ပြပေးထားတာဖြစ်ပြီး ဒီဖော်ပြချက်ထဲမှာရှိတဲ့ ဂိမ်းနဲ့ဆော့ဖ်ဝဲတွေကို အခြားဖုန်းတစ်လုံးကို ပို့ဆောင်ချင်တယ်ဆိုရင်တော့ မြင်တွေ့နေရတဲ့ Icon ကိုနှိပ်လိုက်ရုံနဲ့ Send, Properties, Open, More ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီစနစ်တွေထဲကနေ ကိုယ်ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ အခြားဖုန်းတစ်လုံးကို ပို့ချင်တယ်ဆိုရင်တော့ Send ကိုနှိပ်ရမှာဖြစ်ပြီး ဆော့ဖ်ဝဲကိုဖွင့်ချင်ရင်တော့ Open ကိုနှိပ်နိုင်ပါတယ်။ Properties ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ Application နဲ့သက်ဆိုင်တဲ့ ဖိုင်အရွယ်အစားတွေ၊ ဗားရှင်းတွေကို ဖော်ပြထားတဲ့စာမျက်နှာကို မြင်တွေ့ရမှာဖြစ်ပြီး More ဆိုတဲ့ထဲမှာဆိုရင်တော့ Uninstall နဲ့ Backup ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Zapya ထဲကနေပဲ ဆောဖ့်ဝဲကို Uninstall ပြုလုပ်ပစ်လို့လည်း ရပါတယ်။ ဒါကတော့ ဆောဖ့်ဝဲစာမျက်နှာရဲ့ အပေါ်ဘက်ထိပ်မှာမြင်နေရမယ့် Game နဲ့ Application ဆိုတဲ့ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေ ပဲဖြစ်ပါတယ်။ ဖုန်း Screen ရဲ့အောက်ဘက်မှာရှိနေတဲ့ Gallery ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းထဲက ဓာတ်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေထဲက ကိုယ် Share ပေးချင်တဲ့ပုံကို ထောက်လိုက်မယ်ဆိုရင် အပေါ်မှာဖော်ပြခဲ့သလိုပဲ Share,View, Properties, More ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အသုံးပြုပုံစံကတော့ အထက်မှာဖော်ပြခဲ့သလိုပဲ အားလုံးတူတူပဲဖြစ်ပါတယ်။ Application မှာ Open လို့ဖော်ပြခဲ့ပြီး ဓာတ်ပုံတွေမှာဆိုရင်တော့ View လို့ပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ တူတူပဲဖြစ်ပါတယ်။ Gallery ရဲ့ဘေးနားမှာရှိနေတဲ့ Media ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ရုပ်ရှင်ဖိုင် (Movie) ဖိုင်တွေကို ပြသပေးတာပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာဆိုရင်လည်း အထက်မှာဖော်ပြခဲ့သလိုပဲ Share, more အစရှိတဲ့ စနစ်လေးခုကိုပဲ မြင်တွေ့ရမှာဖြစ်ပြီး အသုံးပြုပုံစံချင်း တူတူပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ File ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေကို စုစည်းထားတဲ့ ဖိုင်တွေကို ဖော်ပြပေးတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Music, Movie အစရှိတဲ့ အရာတွေကို တစ်ခုချင်းစီမဟုတ်ဘဲ စုစည်းထားတဲ့ Folder အတိုင်း ဖိုင်လိုက်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖိုင်လိုက်တော့ Share လုပ်လို့မရနိုင်ပါဘူး။ ဖိုင်ကို တစ်ချက်ထောက်လိုက်ရင် ဖိုင်ကပွင့်သွားမှာဖြစ်ပြီး ဖိုင်ထဲမှာရှိတဲ့ အချက်အလက်တွေကို ထုတ်ပေးမှာဖြစ်ပြီး အဲဒီလို ဖွင့်ပေးတဲ့ထဲကမှ ကိုယ်ပေးပို့ချင်တဲ့ဖိုင်ကို ပေးပို့ရမှာဖြစ်ပါတယ်။ နောက်ဆုံးစနစ်တစ်ခုဖြစ်တဲ့ History ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Zapya ဆော့ဖ်ဝဲကနေတစ်ဆင့် Download ပြုလုပ်ထားတဲ့ဖိုင်တွေကို ပြသပေးတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီနေရာဟာ ရှေ့ဆုံးမှာစတင်ခဲ့တဲ့ Application ဆိုတဲ့နေရာနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး Zapya ထဲမှာ Download ပြုလုပ်ဖို့ရှိနေတဲ့ Upgrade ဖိုင်ရှိခဲ့တယ်ဆိုရင် Apps ဆိုတဲ့နေရာမှာ Notification တစ်ခုအနေနဲ့ ဖော်ပြပေးမှာဖြစ်ပြီး Apps ဆိုတဲ့ Application ထဲမှာပဲ Download ပြုလုပ်နိုင်မယ့် Application ဖိုင်ကိုလည်း ပြသပေးထားမှာဖြစ်ပါတယ်။ ပြသထားတဲ့ဖိုင်ကို နှိပ်လိုက်တာနဲ့ Download ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြုလုပ်ပြီးတဲ့ Download ကိုတော့ ဖော်ပြခဲ့တဲ့ History ထဲမှာသွားကြည့်နိုင်ပြီး အဲဒီနေရာမှာ တစ်ခါတည်း Install ပြုလုပ်နိုင်မှာပါ။
   မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Zapya ဆော့ဖ်ဝဲအသုံးပြုပုံ (၁)


Zapya ဆိုတဲ့ဆော့ဖ်ဝဲကတော့ လက်ရှိအချိန်မှာ လူကြိုက်များပြီး အရမ်းကို အသုံးတည့်နေတဲ့ ဆော့ဖ်ဝဲလေးပဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကတော့ ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို အချက်အလက်တွေ ဖိုင်တွေ ရွှေ့ပြောင်းပြုလုပ်တဲ့ အချိန်နဲ့ ရုပ်ရှင်ဖိုင်တွေ၊ ဓာတ်ပုံတွေကို ပြောင်းရွှေ့လုပ်တဲ့အချိန်တွေမှာ Bluetooth စနစ်ကို အကောင်းဆုံး အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲလေးပဲဖြစ်ပါတယ်။
ဒီဆော့ဖ်ဝဲဟာ ဖိုင်တွေကို အကောင်းဆုံးနှုန်းနဲ့ ပို့ဆောင်ပေးနိုင်တဲ့အပြင် ဖိုင်အရွယ်အစားမရွေး ပို့ဆောင်နိုင်တဲ့ ဆော့ဖ်ဝဲလေးလည်း ဖြစ်ပါတယ်။ ဖိုင်ပို့တဲ့နှုန်းဟာ သာမန် Bluetooth နဲ့ပို့တဲ့နှုန်းထက် ပိုပြီးတော့ မြန်ဆန်ကောင်းမွန်ပါတယ်။ Bluetooth မှာမပို့နိုင်တဲ့ ဖိုင်ဆိုက်တွေကိုလည်း Zapya ဆော့ဖ်ဝဲထဲမှာ ပို့နိုင်ပါတယ်။ ဒီဆော့ဖ်ဝဲလေးကို အသုံးပြုထားမယ်ဆိုရင်တော့ Android OS ဖုန်းတွေမှာ ဖုန်းတစ်လုံးနဲ့တစ်လုံး ဖိုင်တွေရွှေ့ပြောင်းပေးပို့တဲ့အခါမှာ လွယ်ကူအဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။ Zapya ဆော့ဖ်ဝဲကို အသုံးပြုတော့မယ်ဆိုရင်တော့ ပထမဆုံးဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ပထမဆုံးအကြိမ် စဖွင့်တာဆိုရင်တော့ ဆော့ဖ်ဝဲရဲ့ Interface ပုံမြင်ကွင်းတစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ စတင်မြင်တွေ့ရတဲ့ စာမျက်နှာကို Slide ဆွဲလိုက်ပါ။ ဒါဆိုရင် နောက်ထပ်စာမျက်နှာ တစ်ခုကို ရောက်ရှိမှာဖြစ်ပါတယ်။ Skip တွေ့ရင် Skip ကိုနှိပ်ပါ။ OK တွေ့ရင် OK ကိုနှိပ်ပါ။ ဒါဆိုရင်တော့ ဆော့ဖ်ဝဲကို စတင်အသုံးပြုနိုင်မယ့် ဖိုင်စနစ်တွေထဲကို ရောက်ရှိမှာဖြစ်ပါတယ်။ ပထမဆုံး စတင်တွေ့ရတဲ့ နေရာမှာတော့ ကိုယ့်ရဲ့ Device Name တစ်ခုကို ပေးထားခဲ့နိုင်ပါတယ်။ မပေးထားချင်ဘူးဆိုရင်လည်း ကျော်သွားလို့ရနိုင်ပါတယ်။ စတွေ့ရတဲ့ Device Name ပေးတဲ့နေရာကို ကျော်လိုက်ရင်တော့  ဖိုင်တွေ စတင်ပို့နိုင်မယ့်နေရာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေ၊ ရုပ်ရှင်ဖိုင်တွေ၊ အခြား Application Icon တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဆော့ဖ်ဝဲမြင်ကွင်းရဲ့ ထိပ်ဆုံးဘက်မှာ Connect to friends ဆိုတာရှိပါတယ်။ အဲဒါကို နှိပ်လိုက်မယ်ဆိုရင်တော့ Zapya ဆော့ဖ်ဝဲကိုဖွင့်ထားတဲ့ အခြား Device တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်ပါတယ်။ Zapya ဆော့ဖ်ဝဲကို အသုံးပြုပြီး ဖိုင်တွေကို ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို ပြောင်းရွှေ့ပေးမယ်ဆိုရင်တော့ အသုံးပြုမယ့် ဖုန်း ၂ ခုစလုံးမှာ ဒီဆော့ဖ်ဝဲကို ထည့်သွင်းထားဖို့ လိုအပ်မှာဖြစ်ပြီး ဖုန်းနှစ်ခုစလုံးမှာ ဆော့ဖ်ဝဲစနစ်ကို ဖွင့်ထားရမှာလည်းဖြစ်ပါတယ်။ ဒါမှပဲ Zapya ရဲ့ Bluetooth စနစ်ထဲမှာ Device တွေကို တစ်ခုနဲ့တစ်ခု မြင်တွေ့ရမှာဖြစ်ပါတယ်။ Connect Friends ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ ဆော့ဖ်ဝဲက သူ့အလိုလို Device တွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ Connect Friends ဆိုတဲ့ Box လေးရဲ့ဘေးဘက်မှာ invite ဆိုတာရှိပါတယ်။ invite ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ဖုန်းနံပါတ်ရိုက်ထည့်ရမယ့် နေရာလေးတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်ကချိတ်ဆက်ချင်တဲ့ Device ရဲ့ဖုန်းနံပါတ် ဒါမှမဟုတ် နာမည်ကို ရိုက်ထည့်ပြီး Invite ပြုလုပ်ထားနိုင်ပါတယ်။ ကိုယ် invite လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာ Send Invite နဲ့ Invite Message ဆိုတဲ့ စနစ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပြီး နှိပ်ပေးရပါမယ်။ Send Invite ကိုနှိပ်လိုက်မယ်ဆိုရင်တော့ Zapya စနစ်ဖွင့်ထားတဲ့ အခြားဖုန်းတစ်လုံးကို Invite လှမ်းလုပ်ပြီး ရှာဖွေနိုင်မှာဖြစ်ပြီး Invite Message ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းကနေ အခြားဖုန်းတစ်လုံးကို Zapya ဆော့ဖ်ဝဲအတွက် Invite လုပ်ချင်ပါတယ်ဆိုတဲ့ Message တစ်စောင်ကို ပို့ပေးလိုက်မှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဖုန်းတစ်လုံးကလည်း Message ကို လက်ခံရရှိတာနဲ့ ဖုန်းကို Data ပို့ဖို့အတွက် Zapya ဆော့ဖ်ဝဲကို ဖွင့်ခိုင်းနေပြီဆိုတာကို အလိုအလျောက်သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း Zapya ဆော့ဖ်ဝဲထဲကနေ ဖုန်းအချင်းချင်း ချိတ်ဆက်နိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို နောက်Zapya ဆော့ဖ်ဝဲအသုံးပြုပုံ (၂)မှာဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
  မှတ်ချက် ။ ။ အင်တာနက်ဂျာနယ်
                    မှကူးယူဖော်ပြခြင်းဖြစ်ပါသည်...။

      

Windows Phone တွင် Font ထည့်သွင်းပုံ


Windows Phone အသုံးပြုတဲ့သူတွေအတွက် Windows Phone မှာ Font တွေ ထည့်သွင်းချင်တဲ့အခါ မိမိဘာသာ ထည့်သွင်းနိုင်ဖို့အတွက် ဘယ်လိုထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Windows Phone မှာ သင်ထည့်သွင်းချင်တဲ့ Font ကို ထည့်သွင်းဖို့အတွက်ဆိုရင် အဆင့်ငါးဆင့်ပဲ ရှိမှာဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ Font ကို Windows Phone OS မှာထည့်သွင်းဖို့အတွက် ကွန်ပျူတာရှိဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့ Handset နဲ့ကွန်ပျူတာ ချိတ်ဆက်ပြီး ထည့်သွင်းရမှာဖြစ်တဲ့အတွက် ထည့်သွင်းဖို့ဆိုရင် အလွယ်တကူ ရှင်းလင်းစွာနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Windows Phone ထဲကို Font ထည့်သွင်းဖို့အတွက် ရိုးရှင်းတဲ့အချက် ငါးချက်ပဲရှိပါတယ်။ အချက်တွေကို အောက်ပါအဆင့်အတိုင်း လုပ်ဆောင်ပေးပါက အလွယ်တကူနဲ့ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
၁။ သင့်ရဲ့ Windows Phone OS အသုံးပြုထားတဲ့ Handset ကို ကွန်ပျူတာနှင့်ချိတ်ဆက်ပြီး ActiveSync ကိုဖွင့်ပေးလိုက်ပါ။
၂။ သင့် PC အတွင်းမှာရှိတဲ့ C:\Windows\Fonts ဆိုတဲ့လမ်းကြောင်းအတိုင်း Fonts Folder ထဲကိုရောက်အောင် သွားရပါမယ်။
၃။ နောက်တစ်ဆင့်ကတော့ Windows Phone OS ရဲ့ Mobile Device Folder ကို သင့် PC ထဲကနေ ဖွင့်ရမှာဖြစ်ပါတယ်။ Mobile Device Folder ကိုဖွင့်ပြီးရင်တော့ အောက်ဖော်ပြပါ အဆင့်အတိုင်း လုပ်ရပါမယ်။
၎။ ဒီအဆင့်ကတော့ Window Phone OS အသုံးပြုတဲ့ Handset အတွင်းမှာရှိတဲ့ Font Folder ကို သွားရမှာဖြစ်ပါတယ်။ လမ်းကြောင်းကတော့ \Windows\Fonts\ ဖြစ်ပါတယ်။
၅။ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီအဆင့်ကတော့ Windows စနစ်အောက်က Fonts Folder ထဲမှာရှိတဲ့ သင်ထည့်သွင်းချင်တဲ့ဖိုင်ကို Mobile Device ရဲ့ Windows\ Fonts\ အောက်ကို သင်ထည့်သွင်းချင်တဲ့ Font ကို Move လုပ်ပေးလိုက်တယ်ဆိုရင် Windows Phone OS အသုံးပြုထားတဲ့ Handset ထဲကို သင်ထည့်သွင်းချင်တဲ့ Font ရောက်သွားပြီဖြစ်ပါတယ်။
ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Windows Phone OS ရဲ့ Mobile Words ထဲကို သွားရပါမယ်။ ပြီးရင်တော့ Menu >Format >Font ကိုသွားရပါမယ်။ dropbox မှာ ရှာကြည့်လိုက်တယ်ဆိုရင် သင်ထည့်သွင်းထားတဲ့ Font ကို အဲဒီအောက်က Font List မှာ တွေ့ရမှာဖြစ်ပါတယ်။
 မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Saturday, January 19, 2013

PDF Ebook တွေကို Miscrosoft Word သို့ ပြောင်းပြီး Edit လုပ်ချင်ရင်



ဒီနည်းကတော့ ဆော့ဝဲမလိုပါဘူး အွန်လိုင်းကနေ ပြောင်းတဲ့နည်းတစ်ခုပါ စက်ထဲမှာ

လေးမှာစိုးရင် သို့ မဟုတ် ဆော့ဝဲထည့်မရတဲ့ကွန်ပျုတာတွေမှာ အသုံးတည့်ပါတယ်

သူငယ်ချင်းတစ်ယောက်ကအကူညီတောင်းနေတာနဲ့  ရှာဖွေပြီးလုပ်ကြည့်လိုက်တာ

အဆင်ပြေသွားတဲ့အတွက်ကြောင့် တိုက်ဆိုင်သူများ သုံးကြစေဖို့   မျှဝေလိုက်တယ်

အလကားရတဲ့အပြင်  အီးမေးလ် ဖြည့်တာတို့   ၊ဆိုဒ်အမှတ်သားပါတာတို့  မရှိပါဘူး

ကိုယ်ပြောင်းချင်တဲ့ စာအုပ်ကိုတင်လိုက် ၊ ပြီးရင် Word အဖြစ်ပြောင်းနေပါလိမ့်မယ်

ပြောင်းပြီးသားကို  ဒေါင်းလုပ်ပြန်ယူလိုက်။ ဒါဆို  အထဲကစာတွေကို  လိုအပ်သလို

ပြန်လည်းပြုပြင်တည်းဖြတ်နိုင်ပါပြီ အဲ့တာကို PDF စာအုပ်အဖြစ် ပြန်ပြောင်းချင်ရင်

Word to PDF ကို ရွေးပြီး တင်လိုက်ပါ ။ အလွယ်ပြောင်းနိုင် သုံးနိုင်ပါပြီ.............။

ကိုယ့်ဆီမှာ စာရိုက်ထားတာရှိရင်လည်း PDF စာအုပ် လုပ်နိုင်ပါပြီ အလွယ်ဆုံးပါ..။

ဒီလင့်မှာ သွားလုပ်ပါ -PDF to Word Online Converter


မှတ်ချက် ။ ။ မောင်(စွယ်စုံကျမ်း) ၏ ရေးသားချက်ကိုကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Window 7 ရဲ့ Web page loading ကို မြှင့်တင်ရအောင်



Window 7 ရဲ့ Web page loading ကို မြှင့်တင်ရအောင်

   1. RUN > regedit ထဲကိုဝင်ပါ။
   2. HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider အထိရောက်အောင်သွားပါ။
   3. ညာဘက် အကွက်ထဲမှာ



    * DnsPriority=1

    * Hostspriority=1

    * LocalPriority=1

    * NetbtPriority=1


value တွေပြောင်းပေးပါ။
ပြီးရင် restart ချလိုက်ပါ။

Wednesday, January 16, 2013

Android OS Setting စနစ်များအသုံးပြုခြင်း(၈)


Android OS ရဲ့ Setting ထဲက ကျန်ရှိသေးတဲ့ အသုံးပြုအချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ခါ မှာတော့ Privacy Setting ဆိုတဲ့စနစ်ကနေ စတင်ပြီးဖော်ပြသွားပါမယ်။ Privacy Setting ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ Backup My Data, Automatic Restore နဲ့ Factory Data Reset ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီစနစ်သုံးခုမှာတော့ Backup My Data ဆိုတဲ့စနစ်က ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Application Data တွေ၊ WiFi Password တွေနဲ့ အခြား Setting တွေကို Google Service ထဲမှာ သွားရောက်သိမ်းဆည်းထားမယ်လို့ သတ်မှတ်ပေးတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုထားတယ်ဆိုရင်တော့ ကိုယ့်ဖုန်းကို Firmware တစ်ခုလုံး ချိန်းလိုက်တဲ့အချိန်မှာတောင် ကိုယ့်ရဲ့အချက်အလက်တွေ ပျောက်ပျက်မသွားပဲ အချိန်မရွေးပြန်ယူပြီး အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Automatic Restore ဆိုတဲ့စနစ်ကတော့ ကိုယ်က Backup လုပ်ပြီး သိမ်းဆည်းလိုက်တဲ့ အချက်အလက်တွေကို အလိုအလျောက်ပြန်ပြီး ဖုန်းထဲကို Restore ပြန်လုပ်နိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့စနစ်နှစ်ခုဟာ ဆက်စပ်မှုရှိနေပါတယ်။ Backup My Data ဆိုတဲ့စနစ်ကို အသုံးပြုမယ်ဆိုရင် သူ့ကို အမှတ်အသားလေး ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုမျိုး အမှတ်ကလေးပေးလိုက်မှသာ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Automatic Restore ဆိုတဲ့စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Backup My Data ဆိုတဲ့နေရာမှာ အမှတ်အသားလေးမပေးထားဘူးဆိုရင် အောက်ဖက်က Automatic Restore ဆိုတဲ့စနစ်ကလည်း ပိတ်ထားပြီးသားဖြစ်နေမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Factory Data Reset ဆိုတဲ့စနစ်ကတော့ ဖုန်းတစ်ခုလုံးကို Reset လုပ်ပစ်လိုက်နိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုလိုက်မယ်ဆိုရင်တော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေ၊ အခြား Application တွေနဲ့ Contact တွေ အစရှိတဲ့ အချက်အလက်တွေအကုန်လုံး ပျောက်ပျက်သွားမှာဖြစ်ပါတယ်။ ဖုန်းဟာ စစချင်းတုန်းကအတိုင်း Firmware အသစ်တစ်ခုတင်လိုက်သလိုမျိုး အသစ်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းဟန်းနေတဲ့အချိန်မျိုးတွေနဲ့၊ ဖုန်းမှာ Error တွေဖြစ်ပေါ်နေတဲ့အချိန်၊ ဖုန်းတွင်းစနစ်ပိုင်းမှာ တစ်ခုခုချွတ်ယွင်းလာတတ်တဲ့ အချိန်မျိုးတွေမှာပဲ ပြုလုပ်တတ်ကြပါတယ်။ ဖုန်းရဲ့ Memory စနစ်ပိုင်းနဲ့ Firmware စနစ်တစ်ခုလုံးကို အသစ်တိုင်း ပြန်ပြီးစလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ ဒါကတော့ Privacy Setting ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Storage ဆိုတဲ့စနစ်ပါ။ ဒါကတော့ ဖုန်းရဲ့မှတ်ဥာဏ်စနစ်ပိုင်းကို ကြည့်ရှုနိုင်တဲ့နေရာဖြစ်ပါတယ်။ ဖုန်းထဲက ဖုန်းတွင်းမှတ်ဥာဏ်စနစ်ပိုင်းနဲ့ ပြင်ပကနေ ထပ်မံထည့်သွင်းအသုံးပြုတဲ့ SD Card နှစ်ခုစလုံးရဲ့ မှတ်ဥာဏ်တွေကို ကြည့်ရှုနိုင်ပါတယ်။ ဒီထဲမှာတော့ အသုံးပြုနိုင်မယ့်စနစ်တွေကတော့ Unmount SD Card ဆိုတဲ့စနစ်နဲ့ Format SD Card, Format USB Storage ဆိုတဲ့စနစ်တွေကိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခြားကျန်ရှိနေတဲ့အချက်တွေကတော့ မှတ်ဥာဏ်တွေကို ကြည့်ရှုနိုင်ရုံသက်သက်ပါပဲ။ Unmount SD Card ဆိုတာကတော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ SD Card ကို ဖုန်းနဲ့ဆက်သွယ်ထား ရာကနေ ဖြုတ်မယ်လို့ သတ်မှတ်တဲ့သဘောပဲဖြစ်ပါတယ်။ ဒီစနစ်ကို နှိပ်လိုက်မယ်ဆိုရင် ဖုန်းထဲမှာ SD Card ကိုထည့်သွင်းထားပေမယ့် ဖုန်းက SD Card ကိုမသိတော့ပါဘူး။ Unmount SD Card ကို နှိပ်လိုက်တာနဲ့ Format SD Card ဆိုတဲ့စနစ်ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ SD Card ကို Unmount မလုပ်ပဲနဲ့ Format ပြုလုပ်တဲ့စနစ်ကို အသုံးပြုလို့မရပါဘူး။ Unmount လုပ်လိုက်ပြီးပြီဆိုရင်တော့ SD Card တစ်ခုလုံးကို Format ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Format USB Storage ဆိုတဲ့စနစ်ကတော့ ဖုန်းမှတ်ဥာဏ်ထဲမှာထည့်သွင်းထားတဲ့ Application တွေ၊ သီချင်းတွေ အစရှိတဲ့ ဖုန်းမှတ်ဥာဏ်ထဲမှာ ထည့်သွင်းထားတဲ့ Data တွေအားလုံးကို ဖျက်ပစ်မယ်၊ ဖုန်းတွင်းမှတ်ဥာဏ်တစ်ခုလုံးကို Format လုပ်ပစ်မယ်လို့ ဆိုလိုတဲ့သဘောပဲဖြစ်ပါတယ်။
  မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။