
Android OS စနစ်ရဲ့ Setting များအသုံးပြုနည်းကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Android OS Setting စနစ်များအသုံးပြုခြင်း(၃)က Sound Setting အကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Sound Setting ထဲမှာရှိနေတဲ့ Silent Mode ဆိုတာကတော့ ဖုန်းလာတဲ့အချိန်တွေနဲ့ Alarm တွေ Ringtone တွေအစရှိတဲ့စနစ်တွေကို ပိတ်ထားခြင်းဖြစ်ပါတယ်။
နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Vibration ဆိုတဲ့စနစ်ကတော့ ဖုန်းကို ဘယ်လိုအချိန်တွေမှာ တုန်ခါမှုစနစ်ကို အသုံးပြုမယ်ဆိုတာကို ရွေးချယ်နိုင်မယ့်နေရာဖြစ်ပါတယ်။ ဖုန်းကို Silent လုပ်တဲ့အချိန်မှာပဲ Vibrate ကိုသုံးမလား အမြဲတမ်းသုံးမလား အစရှိသဖြင့် နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Volume ဆိုတဲ့ထဲမှာတော့ ဖုန်းထဲမှာရှိနေတဲ့ Ringtone သံတွေ၊ အ၀င်ခေါ်ဆိုခြင်း System Ring, Notification အသံအစရှိတဲ့ စနစ်တွေအတွက် အသံစနစ်ကို ချိန်ညှိနိုင်ပါတယ်။ Phone Ringtone ဆိုတဲ့ထဲမှာတော့ ဖုန်းအတွက်အသုံးပြုမယ့် Ringtone အသံတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Notification Ring ကတော့ Android ရဲ့ Notification စနစ်တွေအတွက် ဘယ်လိုအသံကို အသုံးပြုမယ်ဆိုတာကို ရွေးချယ်တဲ့နေရာဖြစ်ပါတယ်။ Audible Touch Tone ဆိုတာကတော့ ဖုန်းကိုထိတဲ့အချိန်၊ နှိပ်တဲ့အချိန်တွေနဲ့ ဖုန်းနံပါတ်ရိုက်တဲ့အချိန်၊ Message စာရိုက်တဲ့အချိန်တွေမှာ အသံလေးတွေမြည်နေအောင် လုပ်ထားတာကိုဆိုလိုပါတယ်။ ဒီလိုစာရိုက်တဲ့အသံတွေကို ပိတ်ထားချင်တယ်ဆိုရင်လည်း ဒီနေရာမှာပဲပြုလုပ်နိုင်ပါတယ်။ Screen Lock Sound ဆိုတာကတော့ Screen ပိတ်တဲ့အချိန်မှာ အသံမြည်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ Haptic Feedback ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Icon တွေကိုထိတဲ့အချိန် ဒါမှမဟုတ် Key တွေကို နှိပ်တဲ့အချိန်တွေမှာ Vibrate စနစ်ကို ထည့်သွင်းနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ မလိုအပ်ရင်လည်း ဖြုတ်ထားနိုင်ပါတယ်။ Vibration Intensity ဆိုတဲ့စနစ်ကတော့ Vibrate စနစ်ရဲ့ ထိတွေ့မှုတုံ့ပြန်ခြင်းကို ဘယ်လောက်ထိ အသုံးပြုမယ်ဆိုတာကို ချိန်ညှိနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ ဒါကတော့ Sound Setting ထဲမှာပါဝင်တဲ့ ပျမ်းမျှစနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Display ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ Display ထဲမှာတော့ Samsung Galaxy Series ဖုန်းတွေမှာဆိုရင် Screen Display ဆိုတာကို စပြီးမြင်တွေ့ရပါလိမ့်မယ်။ အခြား Brand ဖုန်းတွေမှာတော့ ဒီစနစ်မပါဝင်ပါဘူး။ အခြား တူညီတဲ့စနစ်တွေအနေနဲ့ကတော့ Brightness, Screen Mode, Auto Rotate Screen, Animation, Screen Time Out အစရှိတဲ့စနစ်တွေပါဝင်ပြီး အချို့ Function မြင့်ဖုန်းတွေမှာဆိုရင်တော့ Horizontal Calibration, Gyro Sensor Calibration အစရှိတဲ့စနစ်တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ Display ထဲမှာရှိနေတဲ့ စနစ်တွေအကြောင်းကို ပြောပြပါမယ်။ Screen Display ဆိုတဲ့ထဲမှာတော့ Font Style, Wallpaper အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Font Style ကတော့ ကိုယ်အသုံးပြုချင်တဲ့ Font စနစ်တွေကို ရွေးချယ်နိုင်တဲ့နေရာပါ။ Wallpaper ကတော့ ဖုန်းရဲ့ Wall Paper စနစ်တွေကို ပြုလုပ်တဲ့နေရာပါပဲ။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Brightness ဆိုတဲ့စနစ်ကတော့ ဖုန်း Screen ရဲ့အလင်းအမှောင်ကို ချိန်ညှိပေးတဲ့စနစ်ပါ။ ဒါက ဘက်ထရီအသုံးပြုမှုကိုလည်း ချွေတာနိုင်ပါတယ်။ Screen အရမ်းလင်းနေရင် ဘက်ထရီစားနှုန်းများပါတယ်။ Screen Mode ဆိုတာကတော့ Screen မှာရှိနေတဲ့ Wallpaper တွေ၊ Themes တွေအတွက် ဘယ်လိုအရောင်မျိုးကို အသုံးပြုမယ်ဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ Autorotate Screen ဆိုတာကတော့ ဖုန်းရဲ့ Accelerometer Sensor ကို အဖွင့်အပိတ်လုပ်တဲ့စနစ်ပဲဖြစ်ပါတယ်။ ဖုန်းကို ထောင်လိုက်အနေအထားကနေ အလျားကို ပြောင်းလိုက်တဲ့အချိန်မှာ Screen ကို အလိုအလျောက်လိုက်လှည့်ပေးနိုင်တဲ့စနစ်ကို ဒီနေရာမှာ အဖွင့်အပိတ်ပြုလုပ်နိုင်ပါတယ်။ Screen လိုက်မလည်စေချင်ဘူးဆိုရင်လည်း ပိတ်ထားလို့ရသလို လိုက်လည်စေချင်တယ်ဆိုရင်လည်း ဖွင့်ထားလို့ရနိုင်ပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။






0 comments:
Post a Comment