
Proximity Talk နဲ့သက်ဆိုင်တဲ့ ကျန်ရှိသော အချက်အလက်များကို ဆက်လက်ဖော်ပြပေးပါမယ်။ Proximity Talk ထဲမှာရှိနေတဲ့ နောက်ထပ်စနစ်တစ်ခုကတော့ Call Waiting Notification ဆိုတဲ့စနစ်ပါ။ ဒီစနစ်ကတော့ ဖုန်းတိုင်းမှာ အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုရင်တော့ ဒါက မြန်မာ့ဆက်သွယ်ရေးရဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ Call Waiting ၀န်ဆောင်မှုစနစ်ကို ယူထားမှပဲ ဒီစနစ်ကို အသုံးပြုလို့ အဆင်ပြေနိုင်ပါလိမ့်မယ်။ ဒီစနစ်ကတော့ ကိုယ်က အခြားဖုန်းတစ်လုံးကို လက်ခံပြီး စကားပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်းတစ်လုံး ထပ်ဝင်လာခဲ့တယ်ဆိုရင် အသိပေးမယ့် စနစ်ပဲဖြစ်ပါတယ်။ အသုံးပြုသူက Call Waiting စနစ်ကို အသုံးပြုထားတယ်ဆိုမှပဲ ဒီစနစ်က အလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အခြားနောက်ထပ် စနစ်တစ်ခုကတော့ Initially On ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ကိုယ့်ဖုန်းထဲကို ဖုန်းဝင်လာတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ခေါ်ဆိုမှုတစ်ခု စကားပြောခြင်း စနစ်တစ်ခုကို စတင်ချိန်မှာပဲဖြစ်ဖြစ် ဖုန်းရဲ့စပီကာကို အလိုအလျောက် ဖွင့်ပြီးသားဖြစ်စေမယ့် စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့နေရာမှာတော့ Never, Incoming Calls, Outgoing Call, All Calls ဆိုပြီး ၄ မျိုး အသုံးပြုနိုင်ပါတယ်။ အသုံးမပြုချင်ဘူးဆိုရင်တော့ Never မှာပဲထားလိုက်ပါ။ အ၀င်ခေါ်ဆိုခြင်းတွေအတွက်ပဲ ဖုန်းရဲ့စပီကာကို အလိုအလျောက်ထားပြီး အထွက်ခေါ်ဆိုခြင်းတွေအတွက်ဆိုရင်တော့ Outgoing Calls မှာထားရပါမယ်။ ဖုန်းပြောသမျှ အားလုံးအတွက်ဆိုရင်တော့ All Calls မှာထားနိုင်ပါတယ်။ နောက်တစ်ခုကတော့ Turn Speaker On/Off ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ Proximity Talk ဆော့ဖ်ဝဲစနစ်နဲ့ ဖုန်းပြောနေချိန်မှာ ဖုန်မှာပါဝင်တဲ့ Proximity Sensor စနစ်နဲ့ အသုံးပြုတာဖြစ်တဲ့အတွက် ဖုန်းကို နားနဲ့ကပ်လိုက်ရုံနဲ့ စကားပြောနိုင်တာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဖုန်းရဲ့ Screen ဟာ Off ဖြစ်နေမှာပါ။ စကားပြောနေရင်းနဲ့ ဖုန်းကို နားနဲ့ခွာလိုက်ချိန်မှာတော့ Proximity Sensor ပြန်ပွင့်သွားမှာဖြစ်တဲ့အတွက် ဖုန်းရဲ့ Screen ကလည်း ပြန်ပြီးလင်းလာမှာဖြစ်ပါတယ်။ ဒီလိုမျိုး Screen လင်းလာတဲ့အချိန်၊ ဖုန်းကိုနားနဲ့ခွာလိုက်တဲ့အချိန်မှာ ဖုန်းရဲ့စပီကာကို အလိုအလျောက် ဖွင့်စေနိုင်ဖို့ ပြုလုပ်နိုင်တဲ့စနစ်ကိုတော့ Turn Speaker On/Off စနစ်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဘေးနားမှာရှိနေတဲ့ Box လေးမှာ အမှတ်ကလေး ခြစ်ပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ဖုန်းပြောနေရင်းနဲ့ ဖုန်းကိုနားနဲ့ခွာလိုက်ချိန်မှာ စပီကာက အလိုအလျောက် ပွင့်လာမှာပါ။ ဒါ့အပြင် Notification နဲ့သက်ဆိုင်တဲ့ အခြားစနစ်ငယ်အချို့လည်း ရှိနေပါသေးတယ်။ ဒီစနစ်ငယ်တွေကတော့ အသုံးပြုဖို့ လွယ်ကူပါတယ်။ အခြား နောက်ထပ်စနစ်တစ်ခု ရှိပါသေးတယ်။ ဒီစနစ်ကတော့ End Call ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်လေးကလည်း အသုံးပြုလို့ကောင်းတဲ့ စနစ်လေးပါပဲ။ Proximity Talk စနစ်နဲ့ ဖုန်းလာချိန်မှာ ဖုန်းကို တိုက်ရိုက်လှမ်းကိုင်လိုက်နိုင်မှာဖြစ်ပြီး ဖုန်းပြန်ချချင်တဲ့အချိန်မှာ ဒီစနစ်လေးကို အသုံးပြုနိုင်ပါတယ်။ End Call ဆိုတဲ့ ဒီစနစ်လေးကတော့ ဖုန်းပြန်ချပေးတဲ့ စနစ်လေးပဲဖြစ်ပါတယ်။ ဒီစနစ်မှာ စနစ်လေးမျိုးရှိပါတယ်။ ပါဝင်တဲ့ စနစ်လေးမျိုးကတော့ Never, Face Down, Shake, Face Down or Shake ဆိုတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ အသုံးမပြုချင်ဘူးဆိုရင်တော့ Never ကိုထားပါ။ Facedown ဆိုတာကတော့ ဖုန်းရဲ့မျက်နှာပြင်ကို ပြောနေရင်းကနေ မှောက်လိုက်တာနဲ့ ဖုန်းကျသွားမှာ ဖြစ်ပါတယ်။ Shake ဆိုတာကတော့ ဖုန်းပြောချိန်မှာ ဖုန်းကိုနားကနေခွာပြီး Shake လုပ်ခြင်း (ဖုန်းကို ဘယ်ညာလှုပ်ရမ်းလိုက်ခြင်း) ပြုလုပ်လိုက်တာနဲ့ ဖုန်းချလိုက်မှာဖြစ်ပါတယ်။ Facedown or Shake ဆိုတာကတော့ ဒီစနစ်နှစ်ခုစလုံးကို တစ်ပြိုင်နက် အသုံးပြုမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစနစ်လေးတွေကတော့ အသုံးပြုသူတွေအနေနဲ့ အသုံးပြုလို့ကောင်းတဲ့ စနစ်လေးတွေပဲဖြစ်ပါတယ်။ Proximity Talk ထဲမှာ အခြားအသုံးပြု စနစ်အချို့လည်း ရှိနေပါသေးတယ်။ ခုဖော်ပြခဲ့တာကတော့ အသုံးဝင်တဲ့ စနစ်လေးတွေပဲဖြစ်ပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။






0 comments:
Post a Comment