
ဒီတစ်ခါမှာတော့ Proximity Talk ဆော့ဖ်ဝဲထဲမှာ ကျန်ရှိနေသေးတဲ့ အသုံးဝင်တဲ့ အချက်အလက်လေးတွေကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲထဲက အသုံးဝင်တဲ့ စနစ်တစ်ခုဖြစ်တဲ့ Clear Missed Call ဆိုတဲ့စနစ်အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Clear Missed Call ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Blacklist ဆော့ဖ်ဝဲဒါမှမဟုတ် Call Rejecting အစရှိတဲ့ စနစ်တွေကို အသုံးပြုထားတယ်ဆိုရင် ကိုယ်က Reject လုပ်ထားတဲ့ ဖုန်းနံပါတ်ကနေ ဖုန်းဝင်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ဖုန်းမှာ Missed Call ကို မဖော်ပြတော့အောင် ပြုလုပ်ထားနိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ Clear Missed
Call ဆိုတဲ့စနစ်ကို အသုံးပြုထားမယ်ဆိုရင်တော့ Reject Call တွေအတွက် Miss Call Notification တွေကို ဖော်ပြပေးမှာ မဟုတ်တော့ပါဘူး။ ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ Clear Missed Call ဆိုတဲ့ ဘေးနားလေးမှာရှိနေတဲ့ Box လေးမှာ အမှတ်အသားလေး ပေးထားခဲ့မယ်ဆိုရင်ရပါပြီ။ နောက်ထပ် အသုံးဝင်တဲ့စနစ်တစ်ခုကတော့ Silence Ringer ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ Silence Ringer ဆိုတဲ့စနစ်ကတော့ ကိုယ့်ရဲ့ဖုန်းထဲကို ပြင်ပကနေခေါ်ဆိုမှု ဖုန်းဝင်လာတဲ့အချိန်မှာ ဖုန်းရဲ့မျက်နှာပြင်ကိုမှောက်ပြီး ပြန်လှန်လိုက်ရုံနဲ့ မြည်နေတဲ့ဖုန်း Ring သံကို ပိတ်ပေးနိုင်မယ့်စနစ်ပဲ ဖြစ်ပါတယ်။ ဖုန်းကတော့ ကျသွားမှာ မဟုတ်ပါဘူး။ ဖုန်းရဲ့မြည်နေတဲ့ Ring သံကိုပဲ ပိတ်ပေးလိုက်မှာဖြစ်ပါတယ်။ သူကတော့ ဖုန်းအချို့မှာပါဝင်တဲ့ Motion ဆိုတဲ့စနစ်၊ Gesture Control ဆိုတဲ့စနစ်မျိုးနဲ့ ဆင်တူပါတယ်။ ဒီစနစ်ကလည်း အသုံးပြုချင်တယ်ဆိုရင် အမှတ်အသားလေး ပေးခဲ့ရုံပါပဲ။ နောက်ထပ် အသုံးပြုနိုင်မယ့် စနစ်တစ်ခုကတော့ Facedown Sensitivity ဆိုတဲ့စနစ်ပါပဲ။ ဒီစနစ်ကတော့ ကိုယ်အသုံးပြုမယ့် Facedown စနစ်အတွက် Sensor ကနေ သိရှိလုပ်ဆောင်ပေးနိုင်မယ့် နှုန်းတွေကို ချိန်ညှိနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ Sensor တွေရဲ့ Sensitive နှုန်းတွေကို သတ်မှတ်ပေးနိုင်ပါတယ်။ ဒီစနစ်ထဲကို ၀င်လိုက်မယ်ဆိုရင်တော့ Low, Medium, High, Higher, Highest ဆိုပြီး စနစ်တွေရှိပါတယ်။ ဒီထဲကနေ ကိုယ်နှစ်သက်ရာနှုန်းအတိုင်း ချိန်ညှိပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်က Sensor တွေရဲ့ Sensitive နှုန်းကို ကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ Highest ဆိုတဲ့နေရာမှာထားပြီး အသုံးပြုနိုင်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကလည်း အထက်မှာဖော်ပြခဲ့တဲ့ Facedown Sensitivity ဆိုတဲ့ စနစ်ချင်းတူညီတဲ့ Shake Sensitivity ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကလည်း Sensor ရဲ့ Control စနစ်နဲ့ Sesitive နှုန်းကို ကိုယ်ကိုယ်တိုင် ချိန်ညှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ထဲမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ Facedown Sensitivity ထဲမှာပါဝင်သလိုမျိုးပဲ တူညီတဲ့စနစ်တွေပါဝင်ပြီး ချိန်ညှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Movement Sensitivity ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ Proximity Control ဆော့ဖ်ဝဲစနစ်ကို အသုံးပြုနေစဉ်မှာ ဖုန်းရဲ့လုပ်ဆောင်ချက်တွေနဲ့ ဖုန်းရဲ့ရွေ့လျားနိုင်မှုနှုန်းတွေကို ချိန်ညှိတဲ့နေရာပါ။ ဒီနေရာမှာဆိုရင်လည်း အထက်မှာ ဖော်ပြခဲ့သလိုပဲ Low, Medium အစရှိတဲ့ ရွေးချယ်စရာတွေနဲ့ပဲ စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဖော်ပြပေးခဲ့တဲ့ စနစ်တွေအားလုံးဟာ Proximity Control ဆော့ဖ်ဝဲထဲမှာ အသုံးဝင်နိုင်မယ့် စနစ်တွေပဲဖြစ်ပါတယ်။ အချို့အချို့သော စနစ်တွေကိုလည်း ချန်လှပ်ထားခဲ့တာရှိပါတယ်။ အသုံးတည့်နိုင်မယ့် စနစ်တွေကိုပဲ ရွေးချယ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ကျန်ရှိတဲ့ စနစ်အချို့ထဲမှာလည်း ဖော်ပြခဲ့တဲ့ စနစ်တွေလိုပဲ အသုံးပြုပုံစံချင်း ဆင်တူတွေပဲဖြစ်တဲ့အတွက် သိပ်ပြီးတော့ အခက်အခဲမဖြစ်နိုင်ပါဘူး။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။






0 comments:
Post a Comment