
Android OS ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်မယ့် Proximity Talk ဆိုတဲ့ ဆော့ဖ်ဝဲအသုံးပြုပုံလေးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကလေးကတော့ Android OS ဖုန်းတွေမှာ ဖုန်းဝင်လာတဲ့အခါ ဖုန်းကိုင်တဲ့ခလုတ် နှိပ်ဖို့မလိုအပ်ဘဲ တစ်ခါတည်း ဖုန်းကိုနားနဲ့ကပ်လိုက်တာနဲ့ စကားပြောနိုင်မယ့် ဆော့ဖ်ဝဲလေးပဲဖြစ်ပါတယ်။
ဖုန်းပြောရာမှာ အလွယ်တကူနဲ့ ဖုန်းပြောနိုင်အောင် ပြုလုပ်ပေးထားတဲ့ ဆော့ဖ်ဝဲလေးပါပဲ။ ဒါပေမဲ့ ဒီဆော့ဖ်ဝဲကို အသုံးပြုချင်တယ်ဆိုရင်တော့ Android OS ဖုန်းတိုင်းမှာ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ သူက ဖုန်းမှာပါဝင်တဲ့ Proximity Sensor နဲ့ချိတ်ဆက်ပြီး အသုံးပြုရမှာဖြစ်တဲ့အတွက် Proximity Sensor မပါဝင်တဲ့ ဖုန်းတွေအတွက်ဆိုရင်တော့ ဒီဆော့ဖ်ဝဲကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ဒီဆော့ဖ်ဝဲကို ဖုန်းထဲမှာထည့်သွင်းပြီးသွားပြီဆိုရင်တော့ အရင်ဆုံး လိုအပ်ချက်တွေကို ပြုလုပ်ရပါမယ်။ ဖုန်းထဲက ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ဆော့ဖ်ဝဲကနေပြီး Register လုပ်မလား မလုပ်ဘူးလားဆိုပြီး မေးပါလိမ့်မယ်။ ဒါကတော့ အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ ပြီးရင်တော့ Proximity Talk ရဲ့အသုံးပြုပုံကို ဖော်ပြထားတဲ့စာရဲ့ အောက်ဘက်မှာ Enable Proximity Talk ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒီစာရဲ့ဘေးနားမှာရှိနေတဲ့ Box လေးထဲမှာ အမှန်ခြစ်ကလေး မှတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဒီဆော့ဖ်ဝဲကို စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ ဒါကတော့ ဆော့ဖ်ဝဲကို အသုံးပြုရုံသက်သက်ပဲဆိုရင် အလွယ်တကူ အသုံးပြုနိုင်မယ့် နည်းပါပဲ။ ဒီထပ်ပိုပြီး အသုံးပြုချင်တယ်ဆိုရင်တော့ ဆော့ဖ်ဝဲရဲ့ Setting ထဲကိုသွားရပါမယ်။ ဆော့ဖ်ဝဲရဲ့ Setting ထဲကို သွားချင်တယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ ဆော့ဖ်ဝဲကိုအသုံးပြုဖို့ ဖွင့်ထားတဲ့နေရာမှာ ဖုန်းရဲ့အောက်ဘက်က Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Setting, Help, About ဆိုတဲ့ စနစ်သုံးခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Setting ထဲကို ၀င်ရောက်နိုင်ပါတယ်။ Setting ထဲကိုရောက်ရင်တော့ Answer, Delay, Answer Notification, Answer Only if Moved, Answered Notification, Incoming Call of Hook Action, Outgoing Call of Hook Action, Initially On, Turn Speaker On/Off, Delay Off, Silence Ringer, Shake Sensitivity အစရှိတဲ့ အသုံးပြုနိုင်မယ့် စနစ်ပေါင်းများစွာ ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဆော့ဖ်ဝဲကိုအသုံးပြုဖို့အတွက် အဆင်ပြေနိုင်တဲ့ အချက်အလက်တွေဖြစ်ပြီး အများဆုံးအသုံးပြုနိုင်မယ့် အချက်တွေလည်း ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အချက်အလက်တွေအပြင် နောက်ထပ် အခြားအသုံးပြုနိုင်တဲ့ အချက်တွေလည်း ကျန်ရှိနေပါသေးတယ်။ ဖော်ပြခဲ့တဲ့ အချက်တွေထဲမှာပါဝင်တဲ့ Answer ဆိုတာကတော့ ဖုန်းထဲကို အ၀င်ခေါ်ဆိုမှု ၀င်လာတဲ့အခါမှာ ဖုန်းကနေပြီး ဖုန်းကိုင်တဲ့ခလုတ်ကို နှိပ်စရာမလိုအပ်ဘဲ ဖုန်း Ring သံမြည်တာနဲ့ တစ်ခါတည်း ဖုန်းကိုကောက်ကိုင်ပြီး စကားပြောနိုင်မယ့် စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းမှာပါဝင်တဲ့ Proximity Sensor စနစ် ကို အခြေခံပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ဖုန်းသံမြည်လာတဲ့အခါမှာ ဖုန်းကိုကောက်ကိုင်လိုက်ပြီး နားနားကိုကပ်လိုက်တာနဲ့ ဖုန်းက တစ်ခါတည်း ကိုင်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်။ Proximity Sensor ကို ပိတ်လိုက်တာနဲ့ တစ်ခါတည်း ဖုန်းပြောနိုင်မယ့်စနစ်မျိုးဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ အဲဒီ Answer ဆိုတဲ့နေရာလေးမှာ အမှတ်ကလေး ပေးထားလိုက်ရုံပါပဲ။ နောက်ထပ်စနစ်ဖြစ်တဲ့ Delay ဆိုတဲ့အကြောင်းကို ပြောပြပါမယ်။ Delay ဆိုတာကတော့ ကိုယ်ကဖုန်းလာနေချိန်မှာ ဖုန်းကိုမကိုင်မိဘဲ အချိန်ကြာကြာထားနိုင်ဖို့အတွက် ချိန်ညှိနိုင်မယ့် စနစ်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်က ဖုန်းကိုမကိုင်သေးဘဲ အချိန်ဘယ်လောက်ကြာကြာထိ ထားနိုင်မယ်ဆိုတာကို သတ်မှတ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်..။






0 comments:
Post a Comment