Tuesday, January 15, 2013

Proximity Talk ဆော့ဖ်ဝဲအသုံးပြုပုံ (၂)



Proximity Talk (၂) နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Proximity Talk ရဲ့ Setting ထဲက စနစ်တစ်ခုဖြစ်တဲ့ Answer Notification ဆိုတဲ့အကြောင်းကို ဆက်လက်ပြောပြပါမယ်။

Answer Notification ဆိုတာကတော့ ကိုယ့်ရဲ့ဖုန်းထဲကို ဖုန်းဝင်လာတဲ့အခါမှာ ကိုယ်က ဖုန်းကိုင်တဲ့ခလုတ်ကို မနှိပ်ဘဲ အလိုအလျောက် ဖုန်းပြောမယ့်စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းကို နားနဲ့ကပ်လိုက်တာနဲ့ အလိုအလျောက် ဖုန်းပြောနိုင်မှာဖြစ်ပါတယ်။ ဒီလိုဖုန်းပြောဖို့အတွက် ဖုန်းကို နားနဲ့ကပ်လိုက်တဲ့အခါမှာ ဖုန်းက အလိုအလျောက် ပြောနိုင်ဖို့အတွက် Proximity Sensor စနစ် စတင်အလုပ်လုပ်ပြီဆိုတာကို အချက်ပြတဲ့စနစ်ဖြစ်ပါတယ်။ Answer Notification ထဲမှာတော့ ဖုန်းပြောနိုင်ပြီလို့ အချက်ပြတဲ့စနစ် ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီထဲမှာတော့ Non, Vibrate Shot, Vibrate Long, Vibrate 3x, Beep အစရှိသဖြင့် ကိုယ်ကြိုက်နှစ်သက်ရာပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ Vibrate 3X ဆိုတာကို ရွေးချယ်ထားမယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲကို ဖုန်းဝင်လာတဲ့အခါမှာ ဖုန်းပြောဖို့အတွက် ဖုန်းကိုနားနဲ့ကပ်လိုက်ရုံနဲ့ Vibrate သံသုံးချက်ဆင့် ကြားရမှာဖြစ်ပြီး အလိုအလျောက် ဖုန်းပြောနိုင်မှာဖြစ်ပါတယ်။ Vibrate Shot ဆိုရင်လည်း Vibrate သံ တစ်ချက်လေးပဲ ကြားလိုက်မှာဖြစ်ပါတယ်။ ဒါက ကိုယ်အသုံးပြုချင်သလို ချိန်ညှိအသုံးပြုနိုင်မယ့် စနစ်နေရာဖြစ်ပါတယ်။ Answer Only if Moved ဆိုတဲ့စနစ်ကတော့ ဖုန်းထဲကို အ၀င်ခေါ်ဆိုခြင်းတွေအတွက်ပဲ ဒီစနစ်ကို သီးသန့်အသုံးပြုမယ်လို့ သတ်မှတ်ပေးတဲ့ နေရာဖြစ်ပါတယ်။ ဒီစနစ်ကို သုံးချင်တယ်ဆိုရင်တော့ ဘေးနားက Box လေးထဲမှာ အမှတ်အသားလေး ပေးခဲ့ရင်ရပါပြီ။ နောက်ထပ်စနစ်တစ်ခုကတော့ Answered Notification ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီနေရာကလည်း အပေါ်မှာဖော်ပြခဲ့တဲ့ Answer Notification ဆိုတဲ့စနစ်နဲ့ တူတူပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ ပါဝင်တဲ့အချက်အလက်တွေကလည်း ပထမဖော်ပြခဲ့တဲ့ Answer Notification ဆိုတဲ့စနစ်ထဲက အချက်တွေနဲ့တူတူပါပဲ။ သတိပြုရမယ့် အချက်တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ကိုယ်က ဖုန်းကိုကိုင်တဲ့အချိန်မှာ ဘယ်စနစ်ကို အသုံးပြုမယ်ဆိုတာကို ပထမဖော်ပြခဲ့တဲ့ Answer Notification မှာ ရွေးချယ်ထားခဲ့တယ်ဆိုရင် ဒီနေရာမှာလည်း ကိုယ်အပေါ်မှာ ရွေးချယ်ခဲ့တဲ့ စနစ်ကိုပဲ ရွေးချယ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပေါ်မှာတစ်မျိုး အောက်မှာတစ်မျိုးဖြစ်သွားရင် ကိုယ်အသုံးပြုချင်တဲ့စနစ် သီးသန့်ဖြစ်လာနိုင်ဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ဥပမာ Answer Notification ဆိုတဲ့နေရာမှာ ကိုယ်က Beep ကိုရွေးချယ်ခဲ့ပြီး Answered Notification ဆိုတဲ့နေရာမှာ Vibrate Shot လုပ်ထားမိရင် ဖုန်းကိုင်တဲ့အချိန်မှာ Beep သံနဲ့ Vibrate နှစ်ခုစလုံးကို ကြားနေရပါလိမ့်မယ်။ ဒါကြောင့် ဒီစနစ်နှစ်ခုကို ချိန်ညှိပြီး အသုံးပြုတာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Incoming Call off-hook Action ဆိုတဲ့စနစ်ပါ။ ဒီစနစ်ကတော့ ဖုန်းပြောပြီးတဲ့အခါမှာ ဖုန်းကို ဘယ်လိုအခြေအနေမျိုးနဲ့ ပြန်ထားမယ်ဆိုတာကို သတ်မှတ်တဲ့နေရာပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာလည်း ရွေးချယ်အသုံးပြုနိုင်မယ့် စနစ်တွေရှိပါတယ်။ Non, Home Screen, Lock Screen ဆိုပြီး စနစ်သုံးခု မြင်တွေ့နိုင်ပါတယ်။ Non ဆိုရင်တော့ ပုံမှန်တိုင်းပဲဖြစ်ပြီး Home Screen ပဲဖြစ်ဖြစ် Lock Screen ကိုပဲဖြစ်ဖြစ် ရွေးချယ်ထားတယ်ဆိုရင် ဖုန်းပြောပြီးတဲ့အခါမှာ ကိုယ်ရွေးချယ်ထားတဲ့ Screen နေရာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Outgoing Call off-hook ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ အထက်မှာဖော်ပြခဲ့တဲ့ Incoming Call off-hook ဆိုတဲ့ စနစ်တိုင်းပဲဖြစ်ပါ တယ်။ သူကတော့ အ၀င်ခေါ်ဆိုခြင်းတွေအတွက် မဟုတ်ပါဘူး။ ကိုယ်ကနေပြီး အခြားသူတွေကို အထွက်ခေါ်ဆိုခြင်း ပြုလုပ်တဲ့အချိန်မှာ အသုံးပြုနိုင်မယ့် စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်မှာလည်း ကိုယ့်စိတ်ကြိုက် အသုံးပြုချင်တဲ့ စနစ်တွေကို ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

0 comments:

Post a Comment