
Android OS ရဲ့ Setting အသုံးပြုပုံတွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့Android OS Setting စနစ်များအသုံးပြုခြင်း(၃) တုန်းက ကျန်ရှိနေသေးတဲ့အချက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Display Setting ထဲက Animation ဆိုတဲ့အကြောင်းကို ဆက်လက်ဖော်ပြပေးပါမယ်။ Animation ဆိုတာကတော့ ဖုန်းရဲ့ Screen ပေါ်မှာရှိနေတဲ့အရာတွေ၊ ရုပ်ပုံတွေအတွက်
လှုပ်ရှားသက်ဝင်မှုတွေကို အသုံးပြုမလား၊ မပြုဘူးလား၊ အချို့ကိုပဲသုံးမှာလားဆိုတာတွေကို ရွေးချယ်ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Screen Time Out ဆိုတဲ့စနစ်ပါပဲ။ ဒီစနစ်ကတော့ ဖုန်းရဲ့ Screen ကို အလိုအလျောက်ပိတ်သွားဖို့အတွက် ဘယ်လိုအချိန်မှာပိတ်မယ်၊ အချိန်ဘယ်လောက်ကြာကြာမှာ အလိုအလျောက်ပိတ်သွားမယ် အစရှိတဲ့စနစ်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Auto Adjust Screen Power ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Screen ပေါ်မှာရှိနေတဲ့ ရုပ်ပုံတွေ၊ Wall Paper တွေအစရှိတာတွေနဲ့ ဖုန်းရဲ့ Screen အလင်းအမှောင်စနစ်တွေကို ဖုန်းကနေ အလိုအလျောက်ပြုလုပ် ချိန်ညှိနိုင်အောင် ပြုလုပ်ပေးနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုထားမယ်ဆိုရင်တော့ ဖုန်းမှာ ဘက်ထရီပါဝါနည်းလာတဲ့အချိန်မျိုးတွေမှာဆိုရင် ဖုန်းကသူ့အလိုလို Screen ရဲ့ပါဝါအသုံးပြုခြင်းတွေနဲ့ အလင်းအမှောင်တွေကို သူ့အလိုလို ချိန်ညှိပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ Horizontal Calibration ဆိုတဲ့စနစ်ကတော့ ဖုန်းမှာပါဝင်တဲ့ Accelerometer Sensor စနစ်ကို အသုံးပြုခြင်းစနစ်ပဲဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ကို စောင်းထားတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ တည့်တည့်ထားတဲ့အချိန်မှာပဲဖြစ်ဖြစ် ဖုန်းကို ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအနေအထားမျိုးကို အတည့်လို့ သတ်မှတ်မယ်ဆိုတာကို ကြည့်ရှုသတ်မှတ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူနဲ့အတူတူ နောက်ထပ်ဆင်တူတဲ့ စနစ်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Gyro Sensor Calibration ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ သူကလည်း ဖုန်းရဲ့ Motion စနစ် လှုပ်ရှားမှုစနစ်ပိုင်းတွေမှာ တိကျတဲ့တုံ့ပြန်မှုတွေကိုပေးနိုင်ဖို့အတွက် အသုံးပြုနိုင်မယ့်နေရာပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Power Saving Mode ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းတိုင်းမှာမပါဝင်ပါဘူး။ အချို့ဖုန်းတွေက တစ်ခါတည်းဖုန်းထဲမှာတင် Auto Power Saving စနစ်ကို ထည့်သွင်းပေးထားပြီး အချို့ဖုန်းတွေမှာဆိုရင်တော့ ကိုယ်တိုင် Manual စနစ်နဲ့ကိုယ်က Power Saving လုပ်မယ်မလုပ်ဘူးဆိုတာတွေကို ရွေးချယ်အသုံးပြုနိုင်အောင် ထည့်သွင်းပေးထားပါတယ်။ Power Saving ထဲမှာတော့ System Power Saving နဲ့ Use Power Saving Mode ဆိုပြီးတော့ နှစ်ခုရှိပါတယ်။ နှစ်ခုထဲက ကိုယ်ကြိုက်တာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Location & Security ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်မှာတော့ Use Wireless Network, Use GPS Satellite, Set Up Screen Lock, SIM Change Alert, Visible Password အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ ယေဘုယျအားဖြင့် ပါဝင်နိုင်တဲ့စနစ်တွေကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပါတယ်။ ကိုယ်အသုံးပြုတဲ့ Android OS အမျိုးအစားနဲ့ ဖုန်းအမျိုးအစားပေါ်မှာမူတည်ပြီး စနစ်တွေကတော့ အနည်းနဲ့အများ ကွဲပြားမှုရှိနိုင်ပါတယ်။ ခုနက ဖော်ပြခဲ့တဲ့အချက်တွေကတော့ ပျမ်းမျှအားဖြင့် အားလုံးတူတူပါပဲ။ Use Wireless Network ဆိုတာကတော့ GPS စနစ်အတွက် မြေပုံတွေ၊ Application တွေ အစရှိတဲ့စနစ်တွေကို အွန်လိုင်းစနစ်နဲ့အသုံးပြုမယ်ဆိုရင် Wireless Network စနစ်ကို ဖွင့်မှရပါလိမ့်မယ်။ ဒါကတော့ မိုဘိုင်းဖုန်းအွန်လိုင်းစနစ်ကို အသုံးပြုမယ်လို့ ရွေးချယ်တဲ့နေရာပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Use GPS Satellite ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒါကတော့ GPS စနစ်အတွက် Satellite စနစ်ကို အသုံးပြုမယ်ဆိုရင် ရွေးချယ်နိုင်မယ့်နေရာပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Set Up Screen Lock ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Screen ကို Lock ပြုလုပ်ချင်တဲ့အခါ အသုံးပြုနိုင်မယ့်စနစ်တွေကို စုစည်းပေးထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ကိုယ့်ဖုန်းကို အလွယ်တကူ ၀င်ရောက်အသုံးမပြုနိုင်အောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ပြုလုပ်လို့ရနိုင်ပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။






0 comments:
Post a Comment