This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, January 21, 2013

ဘလော့ဂါများနဲ့  အခြေခံညာသင်တို့ အတွက် ပုံရိုက်ဖို့  ၊ Record လုပ်ဖို့ Fs63



အခုတင်ပေးတဲ့ ဆော့ဝဲနဲ့  ရိုက်လို့ ရသလို Print Sys Rq နဲ့ လည်းရတယ်နော် နမူနာရိုက်ပြတာ

ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ ဓာတ်ပုံရိုက်သလိုမျိုး အသုံးပြုချင်ရင် အဆင်

ပြေစေနိုင်တဲ့ Portable လေးတစ်ခုပါ ကီးဘုတ်မှာပါတဲ့ Print Screen ကိုနှိပ်ပြီး Paint

မှာ Paste လုပ်ရင်လည်း  အဆင်ပြေနိုင်ပါတယ် ။ ဘလော့ရေးသူတွေ အနေနဲ့ လည်း

အကြောင်းရာတစ်ခုခုကို ရှင်းပြချင်တဲ့အခါ  ကွန်ပျုတာထဲက  ပုံလေးတွေကို ရိုက်ယူဖို့ 

လိုပါတယ် နောက်တစ်ခုက Video recording ဖိုင် လုပ်ရင်လည်းရပါတယ်။ မိမိရှင်းပြ

လိုတဲ့ ဆော့ဝဲတစ်ခုအကြောင်း  နည်းပညာတစ်ခုအကြောင်း နမူနာလုပ်ပြနေတဲ့ အခါ

ကွန်ပျုတာမှာ ကိုယ်လုပ်နေသမျှကို Vedeo file အဖြစ် Recording ယူမှာဖြစ်ပါတယ်

ဘလော့ရေးသူ ၊နည်းပညာအကြောင်းရှင်းပြသူတွေအတွက် အတော်လေးအသုံးဝင်မဲ့

ဆော့ဝဲကောင်းလေးတစ်ခုဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..............။


ဒီမှာ Download ယူပါ  - 
Fastone Screen Capture (Portable )

ဒီမှာလည်း ယူလို့ ရတယ် - 
http://www.portablefreeware.com/?id=775

အသေစိတ်မူရင်းလင့်မှာ ဖတ်ပါ -
http://www.faststone.org/FSCapture

Features :
  • A small handy Capture Panel that provides quick access to its capture tools
  • Global hotkeys to activate screen capturing instantly
  • Capture windows, objects, menus, full screen, rectangular/freehand 
  • Capture multiple windows and objects including multi-level menus
  • Options to specify output destination (internal editor, clipboard, file, printer ...)
  • Draw annotation objects such as texts, arrowed lines, highlights, watermarks, 
  • Apply effects such as drop-shadow, frame, torn-edge and fade-edge 
  • Add image caption
  • Resize, crop, rotate, sharpen, brighten, adjust colors ...
  • Undo/Redo
  • Support external editors
  • Save in BMP, GIF, JPEG, PCX, PNG, TGA, TIFF and PDF formats
  • Convert images to multi-page PDF file
  • Send captured images by email
  • Send captured images to Word and PowerPoint documents
  • Send captured images to a Web (FTP) server
  • Record screen activities and sound into video files
  • Screen Color Picker
  • Screen Magnifier
  • Screen Ruler
  • Support multiple monitors
  • Run when Windows starts (optional)
  • Minimize to System Tray area
  • Small footprint in memory
  • And many more ...
 မှတ်ချက် ။ ။ ဒီPost ကိုကူးခဲ့တဲ့ဆိုက်ကိုကျွန်တော်မေ့သွားလို့မူရင်းပိုင်ရှင်များခွင့်လွှတ်ပေးပါဗျာ..။

Sunday, January 20, 2013

Zapya ဆော့ဖ်ဝဲအသုံးပြုပုံ (၂)


Zapya ဆော့ဖ်ဝဲအသုံးပြုပုံ (၁)က ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခင်အပတ်က Zapya ဆော့ဖ်ဝဲနဲ့ ဖုန်းတွေ ချိတ်ဆက်နိုင်မယ့်စနစ်ကို ဖော်ပြပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒီဆော့ဖ်ဝဲထဲမှာ ပါဝင်တဲ့စနစ်တွေနဲ့ အသုံးပြုပုံစံကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဆော့ဖ်ဝဲရဲ့ Interface ကိုကြည့်မယ်ဆိုရင်တော့ အပေါ်ဘက်မှာ Game နဲ့ Application ဆိုတဲ့စနစ်နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အောက်ဘက်မှာဆိုရင်တော့ App, Gallery, Media, File, History အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အပေါ်ဘက်မှာရှိနေတဲ့ စနစ်နှစ်ခုဖြစ်တဲ့ Game နဲ့ Application ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဂိမ်းတွေနဲ့ Application တွေကို စုစည်းဖော်ပြပေးထားတာဖြစ်ပြီး ဒီဖော်ပြချက်ထဲမှာရှိတဲ့ ဂိမ်းနဲ့ဆော့ဖ်ဝဲတွေကို အခြားဖုန်းတစ်လုံးကို ပို့ဆောင်ချင်တယ်ဆိုရင်တော့ မြင်တွေ့နေရတဲ့ Icon ကိုနှိပ်လိုက်ရုံနဲ့ Send, Properties, Open, More ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီစနစ်တွေထဲကနေ ကိုယ်ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ အခြားဖုန်းတစ်လုံးကို ပို့ချင်တယ်ဆိုရင်တော့ Send ကိုနှိပ်ရမှာဖြစ်ပြီး ဆော့ဖ်ဝဲကိုဖွင့်ချင်ရင်တော့ Open ကိုနှိပ်နိုင်ပါတယ်။ Properties ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ Application နဲ့သက်ဆိုင်တဲ့ ဖိုင်အရွယ်အစားတွေ၊ ဗားရှင်းတွေကို ဖော်ပြထားတဲ့စာမျက်နှာကို မြင်တွေ့ရမှာဖြစ်ပြီး More ဆိုတဲ့ထဲမှာဆိုရင်တော့ Uninstall နဲ့ Backup ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Zapya ထဲကနေပဲ ဆောဖ့်ဝဲကို Uninstall ပြုလုပ်ပစ်လို့လည်း ရပါတယ်။ ဒါကတော့ ဆောဖ့်ဝဲစာမျက်နှာရဲ့ အပေါ်ဘက်ထိပ်မှာမြင်နေရမယ့် Game နဲ့ Application ဆိုတဲ့ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေ ပဲဖြစ်ပါတယ်။ ဖုန်း Screen ရဲ့အောက်ဘက်မှာရှိနေတဲ့ Gallery ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းထဲက ဓာတ်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေထဲက ကိုယ် Share ပေးချင်တဲ့ပုံကို ထောက်လိုက်မယ်ဆိုရင် အပေါ်မှာဖော်ပြခဲ့သလိုပဲ Share,View, Properties, More ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အသုံးပြုပုံစံကတော့ အထက်မှာဖော်ပြခဲ့သလိုပဲ အားလုံးတူတူပဲဖြစ်ပါတယ်။ Application မှာ Open လို့ဖော်ပြခဲ့ပြီး ဓာတ်ပုံတွေမှာဆိုရင်တော့ View လို့ပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ တူတူပဲဖြစ်ပါတယ်။ Gallery ရဲ့ဘေးနားမှာရှိနေတဲ့ Media ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ရုပ်ရှင်ဖိုင် (Movie) ဖိုင်တွေကို ပြသပေးတာပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာဆိုရင်လည်း အထက်မှာဖော်ပြခဲ့သလိုပဲ Share, more အစရှိတဲ့ စနစ်လေးခုကိုပဲ မြင်တွေ့ရမှာဖြစ်ပြီး အသုံးပြုပုံစံချင်း တူတူပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ File ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေကို စုစည်းထားတဲ့ ဖိုင်တွေကို ဖော်ပြပေးတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Music, Movie အစရှိတဲ့ အရာတွေကို တစ်ခုချင်းစီမဟုတ်ဘဲ စုစည်းထားတဲ့ Folder အတိုင်း ဖိုင်လိုက်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖိုင်လိုက်တော့ Share လုပ်လို့မရနိုင်ပါဘူး။ ဖိုင်ကို တစ်ချက်ထောက်လိုက်ရင် ဖိုင်ကပွင့်သွားမှာဖြစ်ပြီး ဖိုင်ထဲမှာရှိတဲ့ အချက်အလက်တွေကို ထုတ်ပေးမှာဖြစ်ပြီး အဲဒီလို ဖွင့်ပေးတဲ့ထဲကမှ ကိုယ်ပေးပို့ချင်တဲ့ဖိုင်ကို ပေးပို့ရမှာဖြစ်ပါတယ်။ နောက်ဆုံးစနစ်တစ်ခုဖြစ်တဲ့ History ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Zapya ဆော့ဖ်ဝဲကနေတစ်ဆင့် Download ပြုလုပ်ထားတဲ့ဖိုင်တွေကို ပြသပေးတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီနေရာဟာ ရှေ့ဆုံးမှာစတင်ခဲ့တဲ့ Application ဆိုတဲ့နေရာနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး Zapya ထဲမှာ Download ပြုလုပ်ဖို့ရှိနေတဲ့ Upgrade ဖိုင်ရှိခဲ့တယ်ဆိုရင် Apps ဆိုတဲ့နေရာမှာ Notification တစ်ခုအနေနဲ့ ဖော်ပြပေးမှာဖြစ်ပြီး Apps ဆိုတဲ့ Application ထဲမှာပဲ Download ပြုလုပ်နိုင်မယ့် Application ဖိုင်ကိုလည်း ပြသပေးထားမှာဖြစ်ပါတယ်။ ပြသထားတဲ့ဖိုင်ကို နှိပ်လိုက်တာနဲ့ Download ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြုလုပ်ပြီးတဲ့ Download ကိုတော့ ဖော်ပြခဲ့တဲ့ History ထဲမှာသွားကြည့်နိုင်ပြီး အဲဒီနေရာမှာ တစ်ခါတည်း Install ပြုလုပ်နိုင်မှာပါ။
   မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Zapya ဆော့ဖ်ဝဲအသုံးပြုပုံ (၁)


Zapya ဆိုတဲ့ဆော့ဖ်ဝဲကတော့ လက်ရှိအချိန်မှာ လူကြိုက်များပြီး အရမ်းကို အသုံးတည့်နေတဲ့ ဆော့ဖ်ဝဲလေးပဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကတော့ ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို အချက်အလက်တွေ ဖိုင်တွေ ရွှေ့ပြောင်းပြုလုပ်တဲ့ အချိန်နဲ့ ရုပ်ရှင်ဖိုင်တွေ၊ ဓာတ်ပုံတွေကို ပြောင်းရွှေ့လုပ်တဲ့အချိန်တွေမှာ Bluetooth စနစ်ကို အကောင်းဆုံး အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲလေးပဲဖြစ်ပါတယ်။
ဒီဆော့ဖ်ဝဲဟာ ဖိုင်တွေကို အကောင်းဆုံးနှုန်းနဲ့ ပို့ဆောင်ပေးနိုင်တဲ့အပြင် ဖိုင်အရွယ်အစားမရွေး ပို့ဆောင်နိုင်တဲ့ ဆော့ဖ်ဝဲလေးလည်း ဖြစ်ပါတယ်။ ဖိုင်ပို့တဲ့နှုန်းဟာ သာမန် Bluetooth နဲ့ပို့တဲ့နှုန်းထက် ပိုပြီးတော့ မြန်ဆန်ကောင်းမွန်ပါတယ်။ Bluetooth မှာမပို့နိုင်တဲ့ ဖိုင်ဆိုက်တွေကိုလည်း Zapya ဆော့ဖ်ဝဲထဲမှာ ပို့နိုင်ပါတယ်။ ဒီဆော့ဖ်ဝဲလေးကို အသုံးပြုထားမယ်ဆိုရင်တော့ Android OS ဖုန်းတွေမှာ ဖုန်းတစ်လုံးနဲ့တစ်လုံး ဖိုင်တွေရွှေ့ပြောင်းပေးပို့တဲ့အခါမှာ လွယ်ကူအဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။ Zapya ဆော့ဖ်ဝဲကို အသုံးပြုတော့မယ်ဆိုရင်တော့ ပထမဆုံးဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ပထမဆုံးအကြိမ် စဖွင့်တာဆိုရင်တော့ ဆော့ဖ်ဝဲရဲ့ Interface ပုံမြင်ကွင်းတစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ စတင်မြင်တွေ့ရတဲ့ စာမျက်နှာကို Slide ဆွဲလိုက်ပါ။ ဒါဆိုရင် နောက်ထပ်စာမျက်နှာ တစ်ခုကို ရောက်ရှိမှာဖြစ်ပါတယ်။ Skip တွေ့ရင် Skip ကိုနှိပ်ပါ။ OK တွေ့ရင် OK ကိုနှိပ်ပါ။ ဒါဆိုရင်တော့ ဆော့ဖ်ဝဲကို စတင်အသုံးပြုနိုင်မယ့် ဖိုင်စနစ်တွေထဲကို ရောက်ရှိမှာဖြစ်ပါတယ်။ ပထမဆုံး စတင်တွေ့ရတဲ့ နေရာမှာတော့ ကိုယ့်ရဲ့ Device Name တစ်ခုကို ပေးထားခဲ့နိုင်ပါတယ်။ မပေးထားချင်ဘူးဆိုရင်လည်း ကျော်သွားလို့ရနိုင်ပါတယ်။ စတွေ့ရတဲ့ Device Name ပေးတဲ့နေရာကို ကျော်လိုက်ရင်တော့  ဖိုင်တွေ စတင်ပို့နိုင်မယ့်နေရာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေ၊ ရုပ်ရှင်ဖိုင်တွေ၊ အခြား Application Icon တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဆော့ဖ်ဝဲမြင်ကွင်းရဲ့ ထိပ်ဆုံးဘက်မှာ Connect to friends ဆိုတာရှိပါတယ်။ အဲဒါကို နှိပ်လိုက်မယ်ဆိုရင်တော့ Zapya ဆော့ဖ်ဝဲကိုဖွင့်ထားတဲ့ အခြား Device တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်ပါတယ်။ Zapya ဆော့ဖ်ဝဲကို အသုံးပြုပြီး ဖိုင်တွေကို ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို ပြောင်းရွှေ့ပေးမယ်ဆိုရင်တော့ အသုံးပြုမယ့် ဖုန်း ၂ ခုစလုံးမှာ ဒီဆော့ဖ်ဝဲကို ထည့်သွင်းထားဖို့ လိုအပ်မှာဖြစ်ပြီး ဖုန်းနှစ်ခုစလုံးမှာ ဆော့ဖ်ဝဲစနစ်ကို ဖွင့်ထားရမှာလည်းဖြစ်ပါတယ်။ ဒါမှပဲ Zapya ရဲ့ Bluetooth စနစ်ထဲမှာ Device တွေကို တစ်ခုနဲ့တစ်ခု မြင်တွေ့ရမှာဖြစ်ပါတယ်။ Connect Friends ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ ဆော့ဖ်ဝဲက သူ့အလိုလို Device တွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ Connect Friends ဆိုတဲ့ Box လေးရဲ့ဘေးဘက်မှာ invite ဆိုတာရှိပါတယ်။ invite ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ဖုန်းနံပါတ်ရိုက်ထည့်ရမယ့် နေရာလေးတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်ကချိတ်ဆက်ချင်တဲ့ Device ရဲ့ဖုန်းနံပါတ် ဒါမှမဟုတ် နာမည်ကို ရိုက်ထည့်ပြီး Invite ပြုလုပ်ထားနိုင်ပါတယ်။ ကိုယ် invite လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာ Send Invite နဲ့ Invite Message ဆိုတဲ့ စနစ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပြီး နှိပ်ပေးရပါမယ်။ Send Invite ကိုနှိပ်လိုက်မယ်ဆိုရင်တော့ Zapya စနစ်ဖွင့်ထားတဲ့ အခြားဖုန်းတစ်လုံးကို Invite လှမ်းလုပ်ပြီး ရှာဖွေနိုင်မှာဖြစ်ပြီး Invite Message ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းကနေ အခြားဖုန်းတစ်လုံးကို Zapya ဆော့ဖ်ဝဲအတွက် Invite လုပ်ချင်ပါတယ်ဆိုတဲ့ Message တစ်စောင်ကို ပို့ပေးလိုက်မှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဖုန်းတစ်လုံးကလည်း Message ကို လက်ခံရရှိတာနဲ့ ဖုန်းကို Data ပို့ဖို့အတွက် Zapya ဆော့ဖ်ဝဲကို ဖွင့်ခိုင်းနေပြီဆိုတာကို အလိုအလျောက်သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း Zapya ဆော့ဖ်ဝဲထဲကနေ ဖုန်းအချင်းချင်း ချိတ်ဆက်နိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို နောက်Zapya ဆော့ဖ်ဝဲအသုံးပြုပုံ (၂)မှာဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
  မှတ်ချက် ။ ။ အင်တာနက်ဂျာနယ်
                    မှကူးယူဖော်ပြခြင်းဖြစ်ပါသည်...။

      

Windows Phone တွင် Font ထည့်သွင်းပုံ


Windows Phone အသုံးပြုတဲ့သူတွေအတွက် Windows Phone မှာ Font တွေ ထည့်သွင်းချင်တဲ့အခါ မိမိဘာသာ ထည့်သွင်းနိုင်ဖို့အတွက် ဘယ်လိုထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Windows Phone မှာ သင်ထည့်သွင်းချင်တဲ့ Font ကို ထည့်သွင်းဖို့အတွက်ဆိုရင် အဆင့်ငါးဆင့်ပဲ ရှိမှာဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ Font ကို Windows Phone OS မှာထည့်သွင်းဖို့အတွက် ကွန်ပျူတာရှိဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့ Handset နဲ့ကွန်ပျူတာ ချိတ်ဆက်ပြီး ထည့်သွင်းရမှာဖြစ်တဲ့အတွက် ထည့်သွင်းဖို့ဆိုရင် အလွယ်တကူ ရှင်းလင်းစွာနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Windows Phone ထဲကို Font ထည့်သွင်းဖို့အတွက် ရိုးရှင်းတဲ့အချက် ငါးချက်ပဲရှိပါတယ်။ အချက်တွေကို အောက်ပါအဆင့်အတိုင်း လုပ်ဆောင်ပေးပါက အလွယ်တကူနဲ့ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
၁။ သင့်ရဲ့ Windows Phone OS အသုံးပြုထားတဲ့ Handset ကို ကွန်ပျူတာနှင့်ချိတ်ဆက်ပြီး ActiveSync ကိုဖွင့်ပေးလိုက်ပါ။
၂။ သင့် PC အတွင်းမှာရှိတဲ့ C:\Windows\Fonts ဆိုတဲ့လမ်းကြောင်းအတိုင်း Fonts Folder ထဲကိုရောက်အောင် သွားရပါမယ်။
၃။ နောက်တစ်ဆင့်ကတော့ Windows Phone OS ရဲ့ Mobile Device Folder ကို သင့် PC ထဲကနေ ဖွင့်ရမှာဖြစ်ပါတယ်။ Mobile Device Folder ကိုဖွင့်ပြီးရင်တော့ အောက်ဖော်ပြပါ အဆင့်အတိုင်း လုပ်ရပါမယ်။
၎။ ဒီအဆင့်ကတော့ Window Phone OS အသုံးပြုတဲ့ Handset အတွင်းမှာရှိတဲ့ Font Folder ကို သွားရမှာဖြစ်ပါတယ်။ လမ်းကြောင်းကတော့ \Windows\Fonts\ ဖြစ်ပါတယ်။
၅။ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီအဆင့်ကတော့ Windows စနစ်အောက်က Fonts Folder ထဲမှာရှိတဲ့ သင်ထည့်သွင်းချင်တဲ့ဖိုင်ကို Mobile Device ရဲ့ Windows\ Fonts\ အောက်ကို သင်ထည့်သွင်းချင်တဲ့ Font ကို Move လုပ်ပေးလိုက်တယ်ဆိုရင် Windows Phone OS အသုံးပြုထားတဲ့ Handset ထဲကို သင်ထည့်သွင်းချင်တဲ့ Font ရောက်သွားပြီဖြစ်ပါတယ်။
ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Windows Phone OS ရဲ့ Mobile Words ထဲကို သွားရပါမယ်။ ပြီးရင်တော့ Menu >Format >Font ကိုသွားရပါမယ်။ dropbox မှာ ရှာကြည့်လိုက်တယ်ဆိုရင် သင်ထည့်သွင်းထားတဲ့ Font ကို အဲဒီအောက်က Font List မှာ တွေ့ရမှာဖြစ်ပါတယ်။
 မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Saturday, January 19, 2013

PDF Ebook တွေကို Miscrosoft Word သို့ ပြောင်းပြီး Edit လုပ်ချင်ရင်



ဒီနည်းကတော့ ဆော့ဝဲမလိုပါဘူး အွန်လိုင်းကနေ ပြောင်းတဲ့နည်းတစ်ခုပါ စက်ထဲမှာ

လေးမှာစိုးရင် သို့ မဟုတ် ဆော့ဝဲထည့်မရတဲ့ကွန်ပျုတာတွေမှာ အသုံးတည့်ပါတယ်

သူငယ်ချင်းတစ်ယောက်ကအကူညီတောင်းနေတာနဲ့  ရှာဖွေပြီးလုပ်ကြည့်လိုက်တာ

အဆင်ပြေသွားတဲ့အတွက်ကြောင့် တိုက်ဆိုင်သူများ သုံးကြစေဖို့   မျှဝေလိုက်တယ်

အလကားရတဲ့အပြင်  အီးမေးလ် ဖြည့်တာတို့   ၊ဆိုဒ်အမှတ်သားပါတာတို့  မရှိပါဘူး

ကိုယ်ပြောင်းချင်တဲ့ စာအုပ်ကိုတင်လိုက် ၊ ပြီးရင် Word အဖြစ်ပြောင်းနေပါလိမ့်မယ်

ပြောင်းပြီးသားကို  ဒေါင်းလုပ်ပြန်ယူလိုက်။ ဒါဆို  အထဲကစာတွေကို  လိုအပ်သလို

ပြန်လည်းပြုပြင်တည်းဖြတ်နိုင်ပါပြီ အဲ့တာကို PDF စာအုပ်အဖြစ် ပြန်ပြောင်းချင်ရင်

Word to PDF ကို ရွေးပြီး တင်လိုက်ပါ ။ အလွယ်ပြောင်းနိုင် သုံးနိုင်ပါပြီ.............။

ကိုယ့်ဆီမှာ စာရိုက်ထားတာရှိရင်လည်း PDF စာအုပ် လုပ်နိုင်ပါပြီ အလွယ်ဆုံးပါ..။

ဒီလင့်မှာ သွားလုပ်ပါ -PDF to Word Online Converter


မှတ်ချက် ။ ။ မောင်(စွယ်စုံကျမ်း) ၏ ရေးသားချက်ကိုကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Window 7 ရဲ့ Web page loading ကို မြှင့်တင်ရအောင်



Window 7 ရဲ့ Web page loading ကို မြှင့်တင်ရအောင်

   1. RUN > regedit ထဲကိုဝင်ပါ။
   2. HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider အထိရောက်အောင်သွားပါ။
   3. ညာဘက် အကွက်ထဲမှာ



    * DnsPriority=1

    * Hostspriority=1

    * LocalPriority=1

    * NetbtPriority=1


value တွေပြောင်းပေးပါ။
ပြီးရင် restart ချလိုက်ပါ။

Wednesday, January 16, 2013

Android OS Setting စနစ်များအသုံးပြုခြင်း(၈)


Android OS ရဲ့ Setting ထဲက ကျန်ရှိသေးတဲ့ အသုံးပြုအချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ခါ မှာတော့ Privacy Setting ဆိုတဲ့စနစ်ကနေ စတင်ပြီးဖော်ပြသွားပါမယ်။ Privacy Setting ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ Backup My Data, Automatic Restore နဲ့ Factory Data Reset ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီစနစ်သုံးခုမှာတော့ Backup My Data ဆိုတဲ့စနစ်က ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Application Data တွေ၊ WiFi Password တွေနဲ့ အခြား Setting တွေကို Google Service ထဲမှာ သွားရောက်သိမ်းဆည်းထားမယ်လို့ သတ်မှတ်ပေးတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုထားတယ်ဆိုရင်တော့ ကိုယ့်ဖုန်းကို Firmware တစ်ခုလုံး ချိန်းလိုက်တဲ့အချိန်မှာတောင် ကိုယ့်ရဲ့အချက်အလက်တွေ ပျောက်ပျက်မသွားပဲ အချိန်မရွေးပြန်ယူပြီး အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Automatic Restore ဆိုတဲ့စနစ်ကတော့ ကိုယ်က Backup လုပ်ပြီး သိမ်းဆည်းလိုက်တဲ့ အချက်အလက်တွေကို အလိုအလျောက်ပြန်ပြီး ဖုန်းထဲကို Restore ပြန်လုပ်နိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့စနစ်နှစ်ခုဟာ ဆက်စပ်မှုရှိနေပါတယ်။ Backup My Data ဆိုတဲ့စနစ်ကို အသုံးပြုမယ်ဆိုရင် သူ့ကို အမှတ်အသားလေး ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုမျိုး အမှတ်ကလေးပေးလိုက်မှသာ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Automatic Restore ဆိုတဲ့စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Backup My Data ဆိုတဲ့နေရာမှာ အမှတ်အသားလေးမပေးထားဘူးဆိုရင် အောက်ဖက်က Automatic Restore ဆိုတဲ့စနစ်ကလည်း ပိတ်ထားပြီးသားဖြစ်နေမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Factory Data Reset ဆိုတဲ့စနစ်ကတော့ ဖုန်းတစ်ခုလုံးကို Reset လုပ်ပစ်လိုက်နိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုလိုက်မယ်ဆိုရင်တော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေ၊ အခြား Application တွေနဲ့ Contact တွေ အစရှိတဲ့ အချက်အလက်တွေအကုန်လုံး ပျောက်ပျက်သွားမှာဖြစ်ပါတယ်။ ဖုန်းဟာ စစချင်းတုန်းကအတိုင်း Firmware အသစ်တစ်ခုတင်လိုက်သလိုမျိုး အသစ်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းဟန်းနေတဲ့အချိန်မျိုးတွေနဲ့၊ ဖုန်းမှာ Error တွေဖြစ်ပေါ်နေတဲ့အချိန်၊ ဖုန်းတွင်းစနစ်ပိုင်းမှာ တစ်ခုခုချွတ်ယွင်းလာတတ်တဲ့ အချိန်မျိုးတွေမှာပဲ ပြုလုပ်တတ်ကြပါတယ်။ ဖုန်းရဲ့ Memory စနစ်ပိုင်းနဲ့ Firmware စနစ်တစ်ခုလုံးကို အသစ်တိုင်း ပြန်ပြီးစလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ ဒါကတော့ Privacy Setting ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Storage ဆိုတဲ့စနစ်ပါ။ ဒါကတော့ ဖုန်းရဲ့မှတ်ဥာဏ်စနစ်ပိုင်းကို ကြည့်ရှုနိုင်တဲ့နေရာဖြစ်ပါတယ်။ ဖုန်းထဲက ဖုန်းတွင်းမှတ်ဥာဏ်စနစ်ပိုင်းနဲ့ ပြင်ပကနေ ထပ်မံထည့်သွင်းအသုံးပြုတဲ့ SD Card နှစ်ခုစလုံးရဲ့ မှတ်ဥာဏ်တွေကို ကြည့်ရှုနိုင်ပါတယ်။ ဒီထဲမှာတော့ အသုံးပြုနိုင်မယ့်စနစ်တွေကတော့ Unmount SD Card ဆိုတဲ့စနစ်နဲ့ Format SD Card, Format USB Storage ဆိုတဲ့စနစ်တွေကိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခြားကျန်ရှိနေတဲ့အချက်တွေကတော့ မှတ်ဥာဏ်တွေကို ကြည့်ရှုနိုင်ရုံသက်သက်ပါပဲ။ Unmount SD Card ဆိုတာကတော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ SD Card ကို ဖုန်းနဲ့ဆက်သွယ်ထား ရာကနေ ဖြုတ်မယ်လို့ သတ်မှတ်တဲ့သဘောပဲဖြစ်ပါတယ်။ ဒီစနစ်ကို နှိပ်လိုက်မယ်ဆိုရင် ဖုန်းထဲမှာ SD Card ကိုထည့်သွင်းထားပေမယ့် ဖုန်းက SD Card ကိုမသိတော့ပါဘူး။ Unmount SD Card ကို နှိပ်လိုက်တာနဲ့ Format SD Card ဆိုတဲ့စနစ်ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ SD Card ကို Unmount မလုပ်ပဲနဲ့ Format ပြုလုပ်တဲ့စနစ်ကို အသုံးပြုလို့မရပါဘူး။ Unmount လုပ်လိုက်ပြီးပြီဆိုရင်တော့ SD Card တစ်ခုလုံးကို Format ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Format USB Storage ဆိုတဲ့စနစ်ကတော့ ဖုန်းမှတ်ဥာဏ်ထဲမှာထည့်သွင်းထားတဲ့ Application တွေ၊ သီချင်းတွေ အစရှိတဲ့ ဖုန်းမှတ်ဥာဏ်ထဲမှာ ထည့်သွင်းထားတဲ့ Data တွေအားလုံးကို ဖျက်ပစ်မယ်၊ ဖုန်းတွင်းမှတ်ဥာဏ်တစ်ခုလုံးကို Format လုပ်ပစ်မယ်လို့ ဆိုလိုတဲ့သဘောပဲဖြစ်ပါတယ်။
  မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Android OS Setting စနစ်များအသုံးပြုခြင်း(၇)


Android OS Setting စနစ်များအသုံးပြုခြင်း(၆) မှာတုန်းက ကျန်ရှိနေသေးတဲ့ Android OS Setting နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့
Android OS Setting စနစ်များအသုံးပြုခြင်း(၆) မှာတုန်း ကတော့ Allow Mock Locations ဆိုတဲ့စနစ်ကို ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးတော့ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Account & Sync ဆိုတဲ့စနစ်အကြောင်းကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီစနစ်ထဲမှာတော့ Background Data နဲ့ Auto Sync ဆိုတဲ့စနစ်နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Background Data ဆိုတာကတော့ ကိုယ့်ဖုန်းထဲကို အခြားတစ်နေရာကနေပို့လိုက်တဲ့ Application တွေနဲ့ ကိုယ်ကပြန်ပြီးတော့ အခြားတစ်ယောက်ကို ပို့လိုက်တဲ့ Application အစရှိတာတွေကို ဖုန်းထဲမှာ သတ်မှတ်သိမ်းဆည်းပေးထားပြီး အချိန်တိုင်းမှာ ရယူအသုံးပြုနိုင်မယ့် စနစ်ဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Auto-sync ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါကတော့ ဖုန်းအချင်းချင်း ချိတ်ဆက်တာပဲဖြစ်ဖြစ်၊ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်တာပဲဖြစ်ဖြစ်၊ Application တွေနဲ့ ချိတ်ဆက်တာပဲဖြစ်ဖြစ် ဖုန်းက အလိုအလျောက်သိရှိနိုင်ဖို့အတွက် အသုံးပြုနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ ဖုန်းတိုင်းမှာ သိပ်မပါဝင်ပါဘူး။ အဲဒါကတော့ Motion ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းတိုင်းမှာ သိပ်ပြီးတော့မပါဝင်တတ်ပါဘူး။ အချို့ဖုန်းတွေမှာတော့ ဒီစနစ်ကို Gusture Control စနစ်လို့လည်း ခေါ်ဝေါ်သုံးစွဲထားတာမျိုးလည်း ရှိပါတယ်။ ဒါကတော့ ဖုန်းကို လှုပ်ရှားမှုတစ်ခုနဲ့ အ၀င်ခေါ်ဆိုခြင်း Ring သံတွေကို ပိတ်ပေးနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ Motion Activation ဆိုတဲ့နေရာမှာ အမှတ်အသားလေး ပြုလုပ်ထားလိုက်မယ်ဆိုရင်တော့ ဒီစနစ်ကို အသုံးပြုလို့ရနိုင်ပါပြီ။ ဒီထဲမှာတော့ Turn Over, Tilt, Panning, Double Tap ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Turn Over ဆိုတာကတော့ ကိုယ့်ဖုန်းထဲကို အ၀င်ခေါ်ဆိုမှု Ring သံမြည်လာတဲ့အခါမှာ ဖုန်းကို ပုံမှန်အနေအထားကနေ မှောက်လိုက်ရုံနဲ့ မြည်နေတဲ့ Ring သံပိတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်က Ring သံကိုပဲ ပိတ်ပေးတာပါ။ ဖုန်းတော့ကျမသွားပါဘူး။ ပြောချင်တယ်ဆိုရင် ခလုတ်ကိုနှိပ်ပြီး ပြောနိုင်ပါတယ်။ Tilt ဆိုတာကတော့ Motion စနစ်ကို အသုံးပြုတဲ့နေရာမှာ Motion Sensitive ကို ကိုယ်နှစ်သက်သလိုချိန်ပြီး အသုံးပြုနိုင်မယ့်နေရာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစနစ်ကဖုန်းနဲ့ Browser စနစ်တွေ၊ Gallery စနစ်တွေကို အသုံးပြုတဲ့နေရာမှာ Screen နဲ့ ဘယ်လောက်အရွယ်အစားနဲ့ ကြည့်ရှုမယ်ဆိုတာကိုလည်း ချိန်ညှိနိုင်မှာဖြစ်ပြီး ဒီလိုချိန်ညှိတဲ့နေရာမှာလည်း ဖုန်းကိုလှုပ်ရှားမှု Motion စနစ်နဲ့ မြင်ကွင်းတွေကို ချုံ့နိုင်၊ ချဲ့နိုင်မှာလည်းဖြစ်ပါတယ်။ ဖုန်းရဲ့ Screen ကို လက်နှစ်ဖက်နဲ့ထောက်ပြီး လှုပ်ရမ်းလိုက်တာနဲ့ Screen က လိုအပ်သလို ချုံ့ခြင်း၊ ချဲ့ခြင်း ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ Panning ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာရှိနေတဲ့ Application Icon တွေကို ဖျက်တာပဲဖြစ်ဖြစ် တစ်နေရာကနေ အခြားတစ်နေရာကို ရွှေ့ပြောင်းတာပဲဖြစ်ဖြစ်၊ Application တွေကို Page တစ်ခုကတော့ အခြားတစ်ခုကို ပြောင်းရွှေ့တာပဲဖြစ်ဖြစ် ဒီိလိုစနစ်တွေကို အသုံးပြုတဲ့အခါမှာ Touch ရဲ့ Sensitive နှုန်းကို ချိန်ညှိပေးနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ Application Icon တွေကို စာမျက်နှာတစ်ခုကနေ အခြားတစ်ခုကိုပြောင်းရွှေ့တဲ့နေရာမှာ ဖုန်းကိုလှုပ်ရှားမှု Motion စနစ်နဲ့ အသုံးပြုနိုင်မယ့်စနစ်ပါ။ ဖုန်းကို လိုအပ်သလို လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် စာမျက်နှာ Page တွေကို တစ်ခုချင်းစီ ပြောင်းလဲရွှေ့ပြောင်းသွားနိုင်မှာလည်းဖြစ်ပါတယ်။ Double Tap ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Voice Command စနစ်နဲ့ Voice Talk အစရှိတဲ့စနစ်တွေကို အသုံးပြုမယ့်အချိန်မှာ ဖုန်းရဲ့ Body အပေါ်ထိပ်ဘက်ကို လက်ဖ၀ါးနဲ့နှစ်ချက် (Double Tap) ပုတ်လိုက်ရုံနဲ့ ကိုယ်အသုံးပြုချင်တဲ့ Voice နေရာကို ရောက်ရှိလာမှာဖြစ်ပြီး ခေါ်ဆိုခြင်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီစနစ်တွေအားလုံးကတော့ ဖုန်းခလုတ်တွေကိုနှိပ်ခြင်း၊ ဖုန်းတွင်းစနစ်တွေထဲကို တစ်ခုချင်းစီ အ၀င်အထွက်ပြုလုပ်ရခြင်းတွေမရှိပဲ Motion စနစ်လှုပ်ရှားမှုတွေနဲ့တင် အသုံးပြုနိုင်မယ့်စနစ်တွေကို စုစည်းထားတဲ့နေရာလည်းဖြစ်ပါတယ်။
 မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Android OS Setting စနစ်များအသုံးပြုခြင်း(၆)


Android OS Setting စနစ်များအသုံးပြုခြင်း(၅) တုန်းက Android OS ရဲ့ Setting စနစ်တွေထဲက Application ဆိုတဲ့စနစ်အကြောင်းကို ပြောပြခဲ့ပါတယ်။ Application ထဲမှာပါဝင်တဲ့စနစ်တွေထဲက Unknown Sources ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ယခုဆက်လက်ပြီး ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဒီတစ်ခါတော့ Manage Application ဆိုတဲ့အကြောင်းကို ပြောပြပါမယ်။ Manage Application ဆိုတဲ့ထဲမှာတော့ Download, All, On SD Card, Running ဆိုတဲ့ အစရှိတဲ့စနစ်တွေကို ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ Download ဆိုတဲ့စနစ်ကတော့ ဖုန်းထဲကိုထည့်သွင်းမယ့် Application ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ကိုယ်တိုင် Download ပြုလုပ်ပြီး ထည့်သွင်းထားတယ်ဆိုရင်တော့ ကိုယ် Download ပြုလုပ်ထားတဲ့ဖိုင်တွေကို ဒီနေရာမှာ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ All ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာရှိသမျှ Application တွေအားလုံးကို မြင်တွေ့နိုင်မယ့်နေရာပဲဖြစ်ပါတယ်။ On SD Card ဆိုတာကတော့ ဖုန်းရဲ့ SD Card ထဲကနေယူပြီး ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေကို ပြသမယ့်နေရာပဲဖြစ်ပါတယ်။ Running ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာအလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတွေအားလုံးကို ပြသပေးနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ Manage Application ရဲ့ All ဆိုတဲ့နေရာမှာတော့ ဖုန်းထဲမှာရှိနေတဲ့ ကိုယ်အသုံးမပြုချင်တဲ့ဆော့ဖ်ဝဲတွေရှိတယ်ဆိုရင် Foce Stop လုပ်ပြီး ရပ်တန့်ထားနိုင်သလို Uninstall ပြုလုပ်ပြီး အပြီးတိုင်ဖျက်ပစ်ချင်တယ်ဆိုရင်လည်း ရနိုင်ပါတယ်။ Manage Application စနစ်ပြီးသွားရင်တော့ နောက်ထပ်စနစ်တစ်ခုက Running Service ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို နှိပ်လိုက်တယ်ဆိုရင်တော့ Manage Application ထဲက Running ဆိုတဲ့ထဲကို တန်းပြီးရောက်သွားမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Memory Usage ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ထဲကိုဝင်လိုက်ရင်တော့ Manage Application ရဲ့ All ဆိုတဲ့စနစ်ထဲကို ရောက်ရှိမှာဖြစ်ပြီး အောက်ဖက်မှာတော့ Application အားလုံးအတွက် အသုံးပြုထားတဲ့ ဖုန်းမှတ်ဥာဏ်ကို ဖော်ပြပေးထားမှာဖြစ်ပါတယ်။ Battery Usage ဆိုတာကတော့ ဖုန်းရဲ့ဘက်ထရီက ရာခိုင်နှုန်းဘယ်လောက်ထိ အသုံးပြုနေတယ်ဆိုတာကို ဖော်ပြပေးတဲ့နေရာပဲ ဖြစ်ပါတယ်။ Screen အတွက် ဘယ်လောက်ရာခိုင်နှုန်း၊ ဖုန်းပြောဆိုခြင်းအတွက် ဘယ်လောက်ရာခိုင်နှုန်း အစရှိသဖြင့် ဖုန်းတွင်းအသုံးပြုစနစ်တွေအတွက် ဘက်ထရီအသုံးပြုမှုရာခိုင်နှုန်းတွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Development ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာတော့ USB Debugging ဆိုတဲ့စနစ်နဲ့ Allow Mock Location ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ USB Debugging ဆိုတဲ့စနစ်ကတော့ Android OS ဖုန်းတွေကို ကွန်ပျူတာနဲ့ USB စနစ်ချိတ်ဆက်မယ်ဆိုရင် ကြုံတွေ့ရမယ့် အခက်အခဲပဲဖြစ်ပါတယ်။ Android OS ဖုန်းတွေ ကွန်ပျူတာနဲ့ USB စနစ်ချိတ်ဆက်တဲ့အခါမှာ တစ်ခါတစ်ရံ ချိတ်ဆက်လို့မရပဲ ရှိနေတတ်ပါတယ်။ ဒီလိုမျိုး ချိတ်လို့မရဘူးဆိုရင်တော့ USB Debugging ဆိုတဲ့နေရာမှာ အမှန်ခြစ်ကလေး မှတ်သားပေးရပါလိမ့်မယ်။ ဒါဆိုရင်တော့ ချိတ်ဆက်လို့ရသွားမှာပါ။ Allow Mock Location ဆိုတဲ့စနစ်ကတော့ GPS စနစ်အသုံးပြုမယ့်သူတွေနဲ့ သက်ဆိုင်တဲ့စနစ်တစ်ခုပါပဲ။ ဒီစနစ်နေရာမှာ အမှန်ခြစ်ကလေး ပြုလုပ်ပေးထားခဲ့မယ်ဆိုရင်တော့ GPS အသုံးပြုတဲ့နေရာမှာ ကိုယ်အသုံးပြုခဲ့တဲ့ နေရာဒေသမြေပုံတွေကို သူက မှတ်သားထားပေးမှာဖြစ်ပါတယ်။ ဒီလို မှတ်သားထားပေးတဲ့နေရာမှာ GPS ရဲ့မြေပုံစနစ်တွေကို အသုံးပြုခဲ့တဲ့အတိုင်း မှတ်သားထားပေးတာဖြစ်ပါတယ်။ ကိုယ်ကပြန်လည်အသုံးပြုချင်တဲ့အခါမှာ Map ကိုပြန်ဆွဲနေတာကို စောင့်နေဖို့မလိုအပ်ပဲ တိုက်ရိုက်တန်းပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ GPS စနစ်ကနေ ကျန်ရှိနေခဲ့တဲ့ မြေပုံတုစနစ်တစ်ခုလို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒီစနစ်မှာ မြေပုံတွေကို မှတ်သားပေးတဲ့နေရာမှာ အချို့ဖုန်းတွေမှာ အချိန်အကန့်အသတ်ရှိနေပါတယ်။ ဒါကိုတော့ သတိထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ အချို့ဖုန်းတွေမှာဆိုရင် မြေပုံကို ၃ ရက်ပဲသိမ်းပေးပြီး ထပ်မံအသုံးမပြုဘူးဆိုရင် သူ့အလိုလိုပျောက်သွားပါတယ်။ မြေပုံတွေကို အမြဲတမ်းအသုံးပြုဖို့အတွက် သိမ်းထားချင်တယ်ဆိုရင်တော့ Download ပြုလုပ်ပြီး ဖုန်းထဲမှာသိမ်းထားမှပဲ ရနိုင်ပါလိမ့်မယ်။ အချို့ဖုန်းတွေမှာတော့ တစ်ခါတစ်ရံ လေးငါးရက်လောက်ထိ မြေပုံကို သိမ်းပေးထားတာမျိုးလည်း ရှိပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Android OS Setting စနစ်များအသုံးပြုခြင်း(၅)


Android OS Setting စနစ်များအသုံးပြုခြင်း၏  Location & Security ဆိုတဲ့စနစ်ထဲက ကျန်ရှိနေတဲ့အချက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Set Up Screen Lock ဆိုတဲ့ထဲမှာတော့ None, Pattern Lock, PIN, Password အစရှိတဲ့စနစ်တွေ ထပ်ပြီးတော့ရှိနေပါတယ်။ None ဆိုတာကတော့ Screen Lock အတွက်အသုံးမပြုခြင်းပါ။

Pattern Lock ဆိုတာကတော့ ဖုန်းရဲ့ Screen ပေါ်မှာ အမှတ်အသားလေးတွေရှိပြီး အဲဒီအမှတ်အသားလေးတွေပေါ်မှာ ကိုယ်က မျဉ်းကြောင်းပုံစံတစ်ခုကိုဆွဲပြီး မှတ်သားတဲ့ Password ပုံစံမျိုးပဲဖြစ်ပါတယ်။ PIN ဆိုတာကတော့ ဖုန်းရဲ့ Screen Lock စနစ်ကို ဂဏန်းတွေနဲ့နှိပ်ပြီး ဖွင့်ရတဲ့ Password ပုံစံမျိုးနဲ့ Lock ပြုလုပ်မယ်လို့ သတ်မှတ်ပေးတာဖြစ်ပါတယ်။ ဒါဂဏန်းသီးသန့်ပဲ 1, 2, 3, 4 နှိပ်ပြီးဖွင့်ရမှာပါ။ Password ဆိုတာကတော့ ဖုန်းရဲ့ Screen Lock စနစ်ကို Password ပုံစံမျိုး ဂဏန်းတွေနှိပ်တဲ့ပုံစံမျိုးနဲ့ ပြုလုပ်နိုင်မယ့်နေရာဖြစ်ပါတယ်။ သူကတော့ အပေါ်မှာဖော်ပြခဲ့တဲ့ PIN လိုမျိုး ဂဏန်းတွေကြီးပဲမဟုတ်တော့ပဲ အက္ခရာတွေပါ ပါဝင်လာပါတယ်။ ကီးဘုတ်တစ်ခုရဲ့ ပုံစံမျိုးနဲ့ဖုန်းရဲ့ Screen ကို ကိုယ်ကြိုက်နှစ်သက်တဲ့ Password ကိုပေးထားပြီး အသုံးပြုနိုင်ပါတယ်။ ဒါကတော့ Set Up Screen Lock ဆိုတဲ့ထဲမှာရှိနေတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Set Up SIM Card Lock ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကိုတော့ အချို့ဖုန်းတွေမှာ PIN Code ဆိုပြီးတော့ သတ်မှတ်ခေါ်ဆိုတာလည်း ရှိပါတယ်။ PIN ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Sim Card နဲ့သက်ဆိုင်တဲ့ Lock စနစ်ဖြစ်ပါတယ်။ Sim Card ကို Password ပေးပြီး Lock ချထားနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ဂရုစိုက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ PIN နေရာမှာ Password ကို ကိုယ်ကမှားပြီးနှိပ်မိတယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ပေးထားပြီးသားပက်စ်ဝက်ဘ်ကို မသိတော့ရင်ပဲဖြစ်ဖြစ် ဖုန်းရဲ့ Sim Card က Lock ကျသွားမှာပါ။ ဒါဆိုရင်တော့ ပြင်ပမှာ ပြုလုပ်လို့မရတော့ပဲ မြန်မာ့ဆက်သွယ်ရေးရုံးမှာပြန်သွားပြီး ကတ်ကို Lock ပြန်ဖြည်မှပဲ ရမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ SIM Change Alert ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ပြည်တွင်းမှာအသုံးပြုဖို့ သိပ်အဆင်မပြေပါဘူး။ ဒါကတော့ ၀န်ဆောင်မှုတစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဖုန်းထဲကိုထည့်သွင်းအသုံးပြုတဲ့ SIM Card ကပြောင်းလဲသွားမယ် ဒါမှမဟုတ် မှားယွင်းနေမယ်ဆိုတဲ့အချိန်တွေမှာ SIM Card ပြောင်းလဲသွားကြောင်းကို အလိုအလျောက် Message ပို့ပေးနိုင်မယ့်စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို ပြည်တွင်းမှာ အသုံးပြုမယ်ဆိုရင်တော့ Network Error ဆိုတဲ့ စာပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Visible Password ဆိုတဲ့စနစ်ကတော့ Set Up Screen Lock ဆိုတဲ့ စနစ်ထဲက Pattern Lock စနစ်ကို အသုံးပြုတဲ့နေရာမှာ ကိုယ်အသုံးပြုတဲ့ Password Type လို့ခေါ်တဲ့ Password ဆွဲသားပုံကို ဖော်ပြပေးမယ့် စနစ်ပဲဖြစ်ပါတယ်။ ဒါတွေကတော့ ပုံမှန်အားဖြင့် Android OS ဖုန်းတွေမှာမြင်တွေ့ရမယ့် စနစ်တွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ အချို့ဗားရှင်းတွေမှာတော့ ခုဖော်ပြခဲ့တဲ့စနစ်တွေ အကုန်မပါဝင်တာရှိသလို ဒီထက်ပိုပြီးပါဝင်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေအားလုံးကတော့ Location & Security ဆိုတဲ့စနစ်ထဲမှာ မြင်တွေ့ရမယ့် စနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Application ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ ပါဝင်တဲ့စနစ်တွေကတော့ Unknown Sources, Manage Application, Running Services, Memory Usage, Battery Usage, Development, Samsung Apps အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီထဲကမှာ ပထမဆုံးအနေနဲ့ Unknown Source ဆိုတဲ့အကြောင်းကို ပြောပြပါမယ်။ Android OS ဖုန်းတွေကို ဆော့ဖ်ဝဲတွေ ထည့်သွင်းတဲ့နေရာမှာ ဒီစနစ်ကအရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ Android OS ဖုန်းတွေမှာ Android Market ကမဟုတ်တဲ့ ဆော့ဖ်ဝဲတွေနဲ့ဖုန်းရဲ့ Original Website ကမဟုတ်တဲ့ ဆော့ဖ်ဝဲတွေဆိုရင် ထည့်သွင်းလို့မရနိုင်တဲ့ ပြဿနာရှိပါတယ်။ အဲဒီလိုမျိုး အခြားပြင်ပက ဆော့ဖ်ဝဲတွေကို ထည့်သွင်းချင်တယ်ဆိုရင်တော့ Unknown Source ဆိုတဲ့နေရာမှာ အမှတ်ကလေးပေးထားရပါတယ်။ အဲလိုမှ မလုပ်ထားရင်တော့ ဖုန်းထဲကိုထည့်သွင်းမယ့် ဆော့ဖ်ဝဲဟာ Install ပြုလုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။
 မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Android OS Setting စနစ်များအသုံးပြုခြင်း(၄)


Android OS ရဲ့ Setting အသုံးပြုပုံတွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့Android OS Setting စနစ်များအသုံးပြုခြင်း(၃) တုန်းက ကျန်ရှိနေသေးတဲ့အချက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Display Setting ထဲက Animation ဆိုတဲ့အကြောင်းကို ဆက်လက်ဖော်ပြပေးပါမယ်။ Animation ဆိုတာကတော့ ဖုန်းရဲ့ Screen ပေါ်မှာရှိနေတဲ့အရာတွေ၊ ရုပ်ပုံတွေအတွက်

လှုပ်ရှားသက်ဝင်မှုတွေကို အသုံးပြုမလား၊ မပြုဘူးလား၊ အချို့ကိုပဲသုံးမှာလားဆိုတာတွေကို ရွေးချယ်ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Screen Time Out ဆိုတဲ့စနစ်ပါပဲ။ ဒီစနစ်ကတော့ ဖုန်းရဲ့ Screen ကို အလိုအလျောက်ပိတ်သွားဖို့အတွက် ဘယ်လိုအချိန်မှာပိတ်မယ်၊ အချိန်ဘယ်လောက်ကြာကြာမှာ အလိုအလျောက်ပိတ်သွားမယ် အစရှိတဲ့စနစ်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Auto Adjust Screen Power ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Screen ပေါ်မှာရှိနေတဲ့ ရုပ်ပုံတွေ၊ Wall Paper တွေအစရှိတာတွေနဲ့ ဖုန်းရဲ့ Screen အလင်းအမှောင်စနစ်တွေကို ဖုန်းကနေ အလိုအလျောက်ပြုလုပ် ချိန်ညှိနိုင်အောင် ပြုလုပ်ပေးနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုထားမယ်ဆိုရင်တော့ ဖုန်းမှာ ဘက်ထရီပါဝါနည်းလာတဲ့အချိန်မျိုးတွေမှာဆိုရင် ဖုန်းကသူ့အလိုလို Screen ရဲ့ပါဝါအသုံးပြုခြင်းတွေနဲ့ အလင်းအမှောင်တွေကို သူ့အလိုလို ချိန်ညှိပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ Horizontal Calibration ဆိုတဲ့စနစ်ကတော့ ဖုန်းမှာပါဝင်တဲ့ Accelerometer Sensor စနစ်ကို အသုံးပြုခြင်းစနစ်ပဲဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ကို စောင်းထားတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ တည့်တည့်ထားတဲ့အချိန်မှာပဲဖြစ်ဖြစ် ဖုန်းကို ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအနေအထားမျိုးကို အတည့်လို့ သတ်မှတ်မယ်ဆိုတာကို ကြည့်ရှုသတ်မှတ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူနဲ့အတူတူ နောက်ထပ်ဆင်တူတဲ့ စနစ်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Gyro Sensor Calibration ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ သူကလည်း ဖုန်းရဲ့ Motion စနစ် လှုပ်ရှားမှုစနစ်ပိုင်းတွေမှာ တိကျတဲ့တုံ့ပြန်မှုတွေကိုပေးနိုင်ဖို့အတွက် အသုံးပြုနိုင်မယ့်နေရာပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Power Saving Mode  ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းတိုင်းမှာမပါဝင်ပါဘူး။ အချို့ဖုန်းတွေက တစ်ခါတည်းဖုန်းထဲမှာတင် Auto Power Saving စနစ်ကို ထည့်သွင်းပေးထားပြီး အချို့ဖုန်းတွေမှာဆိုရင်တော့ ကိုယ်တိုင် Manual စနစ်နဲ့ကိုယ်က Power Saving လုပ်မယ်မလုပ်ဘူးဆိုတာတွေကို ရွေးချယ်အသုံးပြုနိုင်အောင် ထည့်သွင်းပေးထားပါတယ်။ Power Saving ထဲမှာတော့ System Power Saving နဲ့ Use Power Saving Mode ဆိုပြီးတော့ နှစ်ခုရှိပါတယ်။ နှစ်ခုထဲက ကိုယ်ကြိုက်တာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Location & Security ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်မှာတော့ Use Wireless Network, Use GPS Satellite, Set Up Screen Lock, SIM Change Alert, Visible Password အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ ယေဘုယျအားဖြင့် ပါဝင်နိုင်တဲ့စနစ်တွေကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပါတယ်။ ကိုယ်အသုံးပြုတဲ့ Android OS အမျိုးအစားနဲ့ ဖုန်းအမျိုးအစားပေါ်မှာမူတည်ပြီး စနစ်တွေကတော့ အနည်းနဲ့အများ ကွဲပြားမှုရှိနိုင်ပါတယ်။ ခုနက ဖော်ပြခဲ့တဲ့အချက်တွေကတော့ ပျမ်းမျှအားဖြင့် အားလုံးတူတူပါပဲ။ Use Wireless Network ဆိုတာကတော့ GPS စနစ်အတွက် မြေပုံတွေ၊ Application တွေ အစရှိတဲ့စနစ်တွေကို အွန်လိုင်းစနစ်နဲ့အသုံးပြုမယ်ဆိုရင် Wireless Network စနစ်ကို ဖွင့်မှရပါလိမ့်မယ်။ ဒါကတော့ မိုဘိုင်းဖုန်းအွန်လိုင်းစနစ်ကို အသုံးပြုမယ်လို့ ရွေးချယ်တဲ့နေရာပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Use GPS Satellite ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒါကတော့ GPS စနစ်အတွက် Satellite စနစ်ကို အသုံးပြုမယ်ဆိုရင် ရွေးချယ်နိုင်မယ့်နေရာပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Set Up Screen Lock ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Screen ကို Lock ပြုလုပ်ချင်တဲ့အခါ အသုံးပြုနိုင်မယ့်စနစ်တွေကို စုစည်းပေးထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ကိုယ့်ဖုန်းကို အလွယ်တကူ ၀င်ရောက်အသုံးမပြုနိုင်အောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ပြုလုပ်လို့ရနိုင်ပါတယ်။
   မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Android OS Setting စနစ်များအသုံးပြုခြင်း(၃)


Android OS စနစ်ရဲ့ Setting များအသုံးပြုနည်းကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Android OS Setting စနစ်များအသုံးပြုခြင်း(၃)က Sound Setting အကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Sound Setting ထဲမှာရှိနေတဲ့ Silent Mode ဆိုတာကတော့ ဖုန်းလာတဲ့အချိန်တွေနဲ့ Alarm တွေ Ringtone တွေအစရှိတဲ့စနစ်တွေကို ပိတ်ထားခြင်းဖြစ်ပါတယ်။

နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Vibration ဆိုတဲ့စနစ်ကတော့ ဖုန်းကို ဘယ်လိုအချိန်တွေမှာ တုန်ခါမှုစနစ်ကို အသုံးပြုမယ်ဆိုတာကို ရွေးချယ်နိုင်မယ့်နေရာဖြစ်ပါတယ်။ ဖုန်းကို Silent လုပ်တဲ့အချိန်မှာပဲ Vibrate ကိုသုံးမလား အမြဲတမ်းသုံးမလား အစရှိသဖြင့် နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Volume ဆိုတဲ့ထဲမှာတော့ ဖုန်းထဲမှာရှိနေတဲ့ Ringtone သံတွေ၊ အ၀င်ခေါ်ဆိုခြင်း System Ring, Notification အသံအစရှိတဲ့ စနစ်တွေအတွက် အသံစနစ်ကို ချိန်ညှိနိုင်ပါတယ်။ Phone Ringtone ဆိုတဲ့ထဲမှာတော့ ဖုန်းအတွက်အသုံးပြုမယ့် Ringtone အသံတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Notification Ring ကတော့ Android ရဲ့ Notification စနစ်တွေအတွက် ဘယ်လိုအသံကို အသုံးပြုမယ်ဆိုတာကို ရွေးချယ်တဲ့နေရာဖြစ်ပါတယ်။ Audible Touch Tone ဆိုတာကတော့ ဖုန်းကိုထိတဲ့အချိန်၊ နှိပ်တဲ့အချိန်တွေနဲ့ ဖုန်းနံပါတ်ရိုက်တဲ့အချိန်၊ Message စာရိုက်တဲ့အချိန်တွေမှာ အသံလေးတွေမြည်နေအောင် လုပ်ထားတာကိုဆိုလိုပါတယ်။ ဒီလိုစာရိုက်တဲ့အသံတွေကို ပိတ်ထားချင်တယ်ဆိုရင်လည်း ဒီနေရာမှာပဲပြုလုပ်နိုင်ပါတယ်။ Screen Lock Sound ဆိုတာကတော့ Screen ပိတ်တဲ့အချိန်မှာ အသံမြည်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ Haptic Feedback ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Icon တွေကိုထိတဲ့အချိန် ဒါမှမဟုတ် Key တွေကို နှိပ်တဲ့အချိန်တွေမှာ Vibrate စနစ်ကို ထည့်သွင်းနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ မလိုအပ်ရင်လည်း ဖြုတ်ထားနိုင်ပါတယ်။ Vibration Intensity ဆိုတဲ့စနစ်ကတော့ Vibrate စနစ်ရဲ့ ထိတွေ့မှုတုံ့ပြန်ခြင်းကို ဘယ်လောက်ထိ အသုံးပြုမယ်ဆိုတာကို ချိန်ညှိနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ ဒါကတော့ Sound Setting ထဲမှာပါဝင်တဲ့ ပျမ်းမျှစနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Display ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ Display ထဲမှာတော့ Samsung Galaxy Series ဖုန်းတွေမှာဆိုရင် Screen Display ဆိုတာကို စပြီးမြင်တွေ့ရပါလိမ့်မယ်။ အခြား Brand ဖုန်းတွေမှာတော့ ဒီစနစ်မပါဝင်ပါဘူး။ အခြား တူညီတဲ့စနစ်တွေအနေနဲ့ကတော့ Brightness, Screen Mode, Auto Rotate Screen, Animation, Screen Time Out အစရှိတဲ့စနစ်တွေပါဝင်ပြီး အချို့ Function မြင့်ဖုန်းတွေမှာဆိုရင်တော့ Horizontal Calibration, Gyro Sensor Calibration အစရှိတဲ့စနစ်တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ Display ထဲမှာရှိနေတဲ့ စနစ်တွေအကြောင်းကို ပြောပြပါမယ်။ Screen Display ဆိုတဲ့ထဲမှာတော့ Font Style, Wallpaper အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Font Style ကတော့ ကိုယ်အသုံးပြုချင်တဲ့ Font စနစ်တွေကို ရွေးချယ်နိုင်တဲ့နေရာပါ။ Wallpaper ကတော့ ဖုန်းရဲ့ Wall Paper စနစ်တွေကို ပြုလုပ်တဲ့နေရာပါပဲ။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Brightness ဆိုတဲ့စနစ်ကတော့ ဖုန်း Screen  ရဲ့အလင်းအမှောင်ကို ချိန်ညှိပေးတဲ့စနစ်ပါ။ ဒါက ဘက်ထရီအသုံးပြုမှုကိုလည်း ချွေတာနိုင်ပါတယ်။ Screen အရမ်းလင်းနေရင် ဘက်ထရီစားနှုန်းများပါတယ်။ Screen Mode ဆိုတာကတော့ Screen မှာရှိနေတဲ့ Wallpaper တွေ၊ Themes တွေအတွက် ဘယ်လိုအရောင်မျိုးကို အသုံးပြုမယ်ဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ Autorotate Screen ဆိုတာကတော့ ဖုန်းရဲ့ Accelerometer Sensor ကို အဖွင့်အပိတ်လုပ်တဲ့စနစ်ပဲဖြစ်ပါတယ်။ ဖုန်းကို ထောင်လိုက်အနေအထားကနေ အလျားကို ပြောင်းလိုက်တဲ့အချိန်မှာ Screen ကို အလိုအလျောက်လိုက်လှည့်ပေးနိုင်တဲ့စနစ်ကို ဒီနေရာမှာ အဖွင့်အပိတ်ပြုလုပ်နိုင်ပါတယ်။ Screen လိုက်မလည်စေချင်ဘူးဆိုရင်လည်း ပိတ်ထားလို့ရသလို လိုက်လည်စေချင်တယ်ဆိုရင်လည်း ဖွင့်ထားလို့ရနိုင်ပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Android OS Setting စနစ်များအသုံးပြုခြင်း(၂)


Android Mobile Network ထဲက နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Accesspoint ဆိုတာကတော့ မိုဘိုင်းဖုန်း အင်တာနက်စနစ်တွေအတွက် Accesspoint တွေကို အသစ်ပြုလုပ်ခြင်း ဖြည့်စွက်ခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်မယ့်နေရာဖြစ်ပါတယ်။

Network Mode ဆိုတာကတော့ ကိုယ်ကဘယ် Network ကိုအသုံးပြုမယ်ဆိုတာကို ရွေးချယ်နိုင်မယ့်နေရာဖြစ်ပါတယ်။ CDMA တွေမှာ ဒီစနစ်က ရွေးချယ်ဖို့မလိုအပ်ပေမယ့် GSM နဲ့ WCDMA တွေမှာဆိုရင်တော့ ကိုယ်အသုံးပြုမယ့်ကွန်ရက်ကို ဒီနေရာမှာ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Network Operator ဆိုတာကတော့ ပြည်တွင်းမှာ ပြောင်းလဲအသုံးပြုဖို့ မလိုအပ်ပါဘူး။ မြန်မာ့ဆက်သွယ်ရေး ကွန်ရက်တစ်ခုတည်းရှိတဲ့အတွက်ကြောင့် Operator ပြောင်းလဲဖို့မလိုအပ်ပါဘူး။ ဒါတွေအားလုံးက Wireless And Network ဆိုတဲ့စနစ်ထဲမှာ ပါဝင်အကျုံးဝင်နေတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Call Setting ပါပဲ။ Call Setting ထဲမှာတော့ Call Rejection, Reject Message, Call Alert, Turn On Proximity Sensor, Voicemail Service, Voicemail အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ သတ်မှတ်စနစ်တွေထဲမှာ ပျမ်းမျှအားဖြင့် ပါဝင်တဲ့စနစ်တွေကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Android OS တွေမှာ OS Version နဲ့ OS ကိုပြန်လည်ရေးသားတဲ့ မိုဘိုင်းဖုန်းကုမ္ပဏီတွေကိုလိုက်ပြီး ပါဝင်တဲ့ Setting ဖွဲ့စည်းမှုပုံစံတွေ မတူညီတဲ့အတွက်ကြောင့်ပါပဲ။ Call Rejection ဆိုတာကတော့ Samsung ဖုန်းတွေမှာပဲ ပါဝင်တဲ့စနစ်တစ်ခုလို့ ဆိုရမှာပါပဲ။ ဒါကဖုန်းရဲ့ Setting ထဲမှာ Default ပါဝင်တဲ့စနစ်ပါ။ ဒီစနစ်ကို အခြားဖုန်းတွေမှာမြင်တွေ့နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါက Black List နဲ့ White List စနစ်တွေကို အသုံးပြုနိုင်တဲ့နေရာဖြစ်ပါတယ်။ ကိုယ့်ဆီကိုဝင်လာမယ့် အ၀င်ခေါ်ဆိုခြင်းတွေကို တားဆီးထားပြီး Reject ပြုလုပ်နိုင်တဲ့စနစ်ပါ။ Reject Message ဆိုတာကတော့ ကိုယ်ကဖုန်းကို မကိုင်နိုင်တဲ့အခါမျိုးတွေမှာ Reject Message စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းက အလိုအလျောက် Message တစ်စောင်ကို ပြန်ပို့ပေးနိုင်တဲ့စနစ်ပါ။ ဒီစနစ်အတွက် အလိုအလျောက်ပြန်ပို့ပေးမယ့် Message တွေကိုလည်း ဖုန်းမှာနဂိုပါဝင်တာတွေကို အသုံးပြုနိုင်သလို နောက်ထပ် ကိုယ်ဖြည့်စွက်ချင်တဲ့စာကြောင်းတွေကိုလည်း ထပ်မံဖြည့်စွက်အသုံးပြုနိုင်ပါတယ်။ Call Alert ဆိုတာကတော့ ဖုန်းရဲ့အ၀င်ခေါ်ဆိုမှု၊ အထွက်ခေါ်ဆိုမှုတွေမှာ Ring, Vibrate အစရှိတဲ့စနစ်တွေကို ဘယ်လိုအသုံးပြုမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ပြုလုပ်နိုင်မယ့်နေရာဖြစ်ပါတယ်။ Turn On Proximity Sensor ဆိုတာကတော့ ဖုန်းရဲ့ Screen ကို အလိုအလျောက် လှည့်ပတ်စေနိုင်မယ့် Proximity Sensor စနစ်ကို အသုံးပြုမယ်၊ မပြုဘူးဆိုတာကို ရွေးချယ်နိုင်မယ့်နေရာဖြစ်ပါတယ်။ On လုပ်ထားရင်တော့ ဖုန်းကို ဒေါင်လိုက်ကနေ ဘေးတိုက်အနေအထားကို ပြောင်းလဲလိုက်တဲ့အခါမျိုးတွေမှာ ဖုန်းရဲ့ Screen က အလိုအလျောက်လိုက်ပြီးလှည့်ပေးမှာပါ။ Screen လည်တာကို မကြိုက်ဘူးဆိုရင်လည်း ဒီစနစ်ကိုပိတ်ထားနိုင်ပါတယ်။ Voice Mail Service ဆိုတာကတော့ Voie Mail စနစ်ယူထားမယ်ဆိုရင် အသုံးပြုနိုင်မယ့်စနစ်ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ဒီစနစ်ကို သိပ်ပြီးအသုံးပြုတာမတွေ့ရပါဘူး။ ဒီစနစ်က မြန်မာ့ဆက်သွယ်ရေးမှာ လျှောက်ထားအသုံးပြုရမယ့် ၀န်ဆောင်မှုစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ Voice Mail ဆိုတာကတော့ Voice Mail နံပါတ်တွေကို ဖြည့်စွက်နိုင်မယ့်နေရာပါ။ နောက်စနစ်တစ်ခုကတော့ Sound ဆိုတဲ့စနစ်ပါပဲ။ ဒါကတော့ ဖုန်းထဲမှာရှိနေတဲ့ အသုံးပြုနေတဲ့ အသံပိုင်းစနစ်တွေအတွက် ရှာဖွေပြုလုပ်နိုင်မယ့် နေရာဖြစ်ပါတယ်။ Sound Setting ထဲမှာတော့ Silent Mode, Vibrate, Volume, Phone Ringtone, Notification Ringtone, Touch Tone, Screen Lock Sound, Vibrate Intensity အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
 မှတ်ချက် ။ ။  အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Android OS Setting စနစ်များအသုံးပြုခြင်း(၁)


Android OS နဲ့ပတ်သက်ပြီး အသုံးပြုနိုင်မယ့်စနစ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဖော်ပြပေးတဲ့နေရာမှာတော့ အဓိကအနေနဲ့ Android ရဲ့ Setting စနစ်တွေကို အဓိကထားပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Android OS ရဲ့ Setting ထဲကို ၀င်လိုက်တယ်ဆိုရင်တော့ ဒီထဲမှာအသုံးပြုနိုင်မယ့် စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့တော့ Wireless & Network ဆိုတဲ့စနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီစနစ်ကတော့ ဖုန်းနဲ့ပတ်သက်တဲ့ ၀ါယာလက်စနစ်တွေ၊ အင်တာနက်စနစ်တွေနဲ့ မိုဘိုင်းဖုန်းကွန်ရက်စနစ်တွေကို ၀င်ရောက်ရှာဖွေပြုပြင်ဖန်တီးအသုံးပြုနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ Wireless & Network ထဲမှာတော့ ရေဘုယျအားဖြင့်ဆိုရရင်  Flight Mode, WiFi Setting, Bluetooth Setting, USB Utilities, Tethering and Portable Hotspot, Mobile Network အစရှိတဲ့စနစ်တွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ Flight Mode ဆိုတာကတော့ ၀ါယာလက်ကွန်ရက်တွေအားလုံးကို ဖြတ်တောက်ပေးထားပြီး ပိတ်ပေးထားတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဖုန်းကိုပါဝါမပိတ်လိုက်ပဲနဲ့ Setting ထဲမှာတင် အလွယ်တကူလိုင်းပိတ်လိုက်နိုင်တဲ့ စနစ်လဲဖြစ်ပါတယ်။ Flight Mode ကိုအသုံးပြုလိုက်ရင်တော့ ကိုယ့်ဆီကိုလည်း ဖုန်းအ၀င်မရတော့သလို သူများဆီကိုလည်း ကိုယ်ကခေါ်လို့မရနိုင်တော့ပါဘူး။ WiFi Setting ဆိုတာက ၀ါယာလက်အင်တာနက်စနစ်အတွက် အသုံးပြုရမယ့်နေရာပဲဖြစ်ပါတယ်။ ၀ါယာလက်အင်တာနက်စနစ်အတွက် WiFi အဖွင့်အပိတ်လုပ်တာတို့၊ ကွန်ရက်ရာဖွေတာတို့ကို ဒီနေရာမှာပြုလုပ်နိုင်ပါတယ်။ Bluetooth Setting ဆိုတဲ့ထဲမှာတော့ Bluetooth စနစ်နဲ့ပတ်သက်ပြီး ပြုလုပ်နိုင်မယ့်အချက်အလက်တွေ ရှိနေပါတယ်။ Bluetooth ဖွင့်ခြင်း၊ ပိတ်ခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ Bluetooth နာမည်ပြောင်းလဲခြင်း၊ Security စနစ်ပြုလုပ်ခြင်း အစရှိတာတွေကို ဒီစနစ်ထဲမှာပြုလုပ်နိုင်ပါတယ်။ USB Utilities ဆိုတဲ့စနစ်ထဲမှာဆိုရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့အတွက် USB စနစ်ချိတ်ဆက်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီစနစ်ကက သိပ်ပြီးတော့မရှုတ်ထွေးစေပါဘူး။ Tethering and Portable Hotspot ဆိုတဲ့စနစ်ကတော့ မိုဘိုင်းဖုန်းတွေမှာအသုံးပြုတဲ့ 3G အင်တာနက်စနစ်တွေကို ဖုန်းကနေတဆင့် WiFi အဖြစ်နဲ့ တဖန်ပြန်ပြီးလွှင့်ထုတ်ပေးနိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေကနေ ဖမ်းယူအသုံးပြုတဲ့ 3G အင်တာနက်စနစ်ကို ဖုန်းတစ်လုံးတည်းကနေ တခြားကွန်ပျူတာ သုံးလုံးလောက်၊ ဒါမှမဟုတ်ရင်လည်း တခြားဖုန်းသုံးလုံးလောက်ကို WiFi စနစ်ပြန်ပြီး Share ပေးနိုင်တဲ့စနစ်လည်း ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ USB Tethering နဲ့ WiFi Tethering ဆိုပြီးနှစ်မျိုးရှိပါတယ်။ USB နစ်ကိုရွေးချယ်ထားရင်တော့ ကိုယ့်ဖုန်းတစ်လုံးတည်းနဲ့ပဲ အင်တာနက်စနစ်ကို ကွန်ပျူတာမှာ ကြိုးနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာပါ။ WiFi Tethering စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ WiFi စနစ်နဲ့ ပြန်ပြီးလွှင့်ထုတ်ပေးနိုင်မှာပါ။ Mobile Network ဆိုတဲ့ထဲကို ၀င်လိုက်မယ်ဆိုရင်တော့ မိုဘိုင်းဖုန်းကွန်ရက်တွေနဲ့ပတ်သက်ပြီး အသုံးပြုနိုင်မယ့်အချက်အလက်တွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ Mobile Network ထဲမှာတော့ Use Packet Data, Data Roaming, Access point name အစရှိတာတွေကို မြင်တွေ့ကြရပါလိမ့်မယ်။ Use Packet Data ဆိုတာကတော့ မိုဘိုင်းဖုန်းအင်တာနက်စနစ်ကို အသုံးပြုနိုင်ဖို့အတွက် Data Network ရှိမရှိသိရှိနိုင်ပြီး အသုံးပြုဖို့စတင်ခြင်းစနစ်ဖြစ်ပါတယ်။ Data Roaming စနစ်ဆိုတာကတော့ မိုဘိုင်းဖုန်းအင်တာနက်စနစ်တွေကို အသုံးပြုနေရင်းနဲ့ ဥပမာဆိုရရင်တော့ လက်ရှိသုံးနေကြတဲ့ WCDMA 3G ကွန်ရက်စနစ်သုံး အင်တာနက်ကို အသုံးပြုနေရင်းနဲ့ WCDMA ကွန်ရက် အသုံးမပြုနိုင်တဲ့နေရာတွေကို ရောက်သွားခဲ့ရင် အခြားမိုဘိုင်းဖုန်းကွန်ရက်တစ်ခုနဲ့ ထပ်မံဆက်သွယ်ချိတ်ဆက်ပြီး အသုံးပြုနိုင်စေမယ့်စနစ်ပဲဖြစ်ပါတယ်။ WCDMA ကနေ 2G ကွန်ရက်ထဲကိုရောက်သွားရင် ဒီစနစ်က 2G ရဲ့ EDGE စနစ်နဲ့ ဆက်လက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Tuesday, January 15, 2013

Android OS Polaris Office ဆော့ဖ်ဝဲအသုံးပြုနည်း


Android OS အသုံးပြုသူတွေအတွက် Polaris Office ဆိုတဲ့ ဆော့ဖ်ဝဲအသုံးပြုပုံလေးကို ဖော်ပြပေးသွားပါမယ်။ ဒီဆော့ဖ်ဝဲလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် အချို့ Samsung ဖုန်းတွေမှာဆိုရင် ဖုန်းရဲ့ Firmware ထဲမှာ Default ပါဝင်တဲ့ Application လေးတစ်ခုလည်းဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲလေးဟာ အသုံးပြုဖို့ လွယ်ကူတဲ့အပြင် ပေါ့ပေါ့ပါးပါးလည်း ရှိတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေနိုင်မှာပါ။ Polaris Office ဆိုတဲ့ဆော့ဖ်ဝဲလေးကတော့ Office စနစ်ဖြစ်တဲ့ Word, Excel, Powerpoint ဆိုတဲ့ Office စနစ်တွေကို အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲပဲဖြစ်ပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့အကောင့်ကို Register ပြုလုပ်မလားဆိုပြီး မေးပါလိမ့်မယ်။ ဒါကတော့ ကိုယ့်ရဲ့ဖုန်းက အင်တာနက် အသုံးပြုနိုင်တယ်ဆိုရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် WiFi နဲ့ ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် အကောင့်ကို Register ပြုလုပ်နိုင်ပါတယ်။ Register မလုပ်ချင်ဘူးဆိုရင်လည်း ရပါတယ်။ Register Later ဆိုတာကိုနှိပ်ပြီး ပြန်ထွက်လာနိုင်ပါတယ်။ Register Later ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ဆော့ဖ်ဝဲကိုအသုံးပြုနိုင်မယ့် စနစ်ထဲကို ရောက်ရှိမှာဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ interface မှာတော့ စာရွက်ပုံလေးတစ်ခုနဲ့အတူ My File, Recent Documents, Web File အစရှိတဲ့စနစ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းနဲ့ ချိတ်ဆက်ထားမယ်ဆိုရင်တော့ ဒီထဲမှာ Search ဆိုတဲ့ ဘားလေးတစ်ခုကိုပါ
မြင်တွေ့နိုင်မှာပါ။ My File ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တွေကို မြင်တွေ့နိုင် ရှာဖွေနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ ဒီနေရာဟာ File Manager နဲ့တူတူပါပဲ။ ဒီနေရာမှာ ကိုယ့်ဖုန်းထဲက ဖိုင်တွေကို ရှာဖွေနိုင်မှာဖြစ်သလို ဖုန်းထဲမှာထည့်သွင်းထားတဲ့ SD Card ကိုလည်း ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Recent Documents ဆိုတဲ့စနစ်ကတော့ ကိုယ်အသုံးပြုခဲ့တဲ့ Application တွေကို ပြန်လည်ကြည့်ရှုနိုင်မယ့်အပြင် ပိတ်ပြစ်ချင်တယ်ဆိုရင်လည်း ပိတ်လိုက်နိုင်မယ့် နေရာပဲဖြစ်ပါတယ်။ ကိုယ်က Word, Excel အစရှိတဲ့စနစ်တွေကို အသုံးပြုခဲ့တယ်ဆိုရင် ကိုယ် Save လုပ်လိုက်တဲ့ဖိုင်ကို ဒီ Recent Documents ဆိုတဲ့နေရာမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Web file ဆိုတဲ့နေရာကတော့ ကိုယ့်ရဲ့ Gmail Account ပြုလုပ်တဲ့စနစ်တွေနဲ့ အခြား Web ဆိုင်ရာ အသုံးပြုစနစ်တွေအတွက် စုစည်းပေးထားတဲ့ နေရာပဲဖြစ်ပါတယ်။ Office Application စနစ်တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီစနစ်တွေနဲ့ အတူပါဝင်နေတဲ့ အထက်မှာဖော်ပြခဲ့တဲ့ စာရွက်ပုံလေးကို နှိပ်လိုက်ရပါမယ်။ ဒါဆိုရင်တော့ အသုံးပြုနိုင်မယ့် Office စနစ်တွေကို မြင်တွေ့ရမှာပါ။ မြင်တွေ့ရမယ့်ပုံစံကတော့ Document 97-2003, Document 2077, Sheet 97-2003, Sheet 2007, Slide 97-2003, Slide 2007, New Folder အစရှိတဲ့စနစ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Document 97-2003 ဆိုတာကတော့ Word 97-2003 ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင် Word စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Document  2007 ကလည်း Word 2007 ကိုဆိုလိုခြင်းဖြစ်ပါတယ်။ Sheet 97-2003 ဆိုတာကလည်း Excel 97-2003 ကိုဆိုလိုခြင်းဖြစ်ပြီး ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ မိုဘိုင်း Excel စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Sheet 2007 ဆိုတာကလည်း Excel 2007 ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကိုယ်နှစ်သက်မယ့် ဗားရှင်းကို ရွေးချယ်အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားခြင်းလည်း ဖြစ်ပါတယ်။ Slide ဆိုတာကတော့ Powerpoint စနစ်ကို ဆိုလိုခြင်းဖြစ်ပြီး ဒီထဲမှာ ကိုယ်ထည့်သွင်းချင်တဲ့ ဓါတ်ပုံတွေနဲ့ စာတွေကို ပါဝါပွိုင့်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Slide ဆိုတဲ့စနစ်မှာလည်း ၉၇-၂၀၀၃ နဲ့ ၂၀၀၇ နှစ်မျိုးရှိပြီး အသုံးပြုသူ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Proximity Talk ဆော့ဖ်ဝဲအသုံးပြုပုံ (၄)


ဒီတစ်ခါမှာတော့ Proximity Talk ဆော့ဖ်ဝဲထဲမှာ ကျန်ရှိနေသေးတဲ့ အသုံးဝင်တဲ့ အချက်အလက်လေးတွေကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲထဲက အသုံးဝင်တဲ့ စနစ်တစ်ခုဖြစ်တဲ့ Clear Missed Call ဆိုတဲ့စနစ်အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

Clear Missed Call ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Blacklist ဆော့ဖ်ဝဲဒါမှမဟုတ် Call Rejecting အစရှိတဲ့ စနစ်တွေကို အသုံးပြုထားတယ်ဆိုရင် ကိုယ်က Reject လုပ်ထားတဲ့ ဖုန်းနံပါတ်ကနေ ဖုန်းဝင်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ဖုန်းမှာ Missed Call ကို မဖော်ပြတော့အောင် ပြုလုပ်ထားနိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ Clear Missed
Call ဆိုတဲ့စနစ်ကို အသုံးပြုထားမယ်ဆိုရင်တော့ Reject Call တွေအတွက် Miss Call Notification တွေကို ဖော်ပြပေးမှာ မဟုတ်တော့ပါဘူး။ ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ Clear Missed Call ဆိုတဲ့ ဘေးနားလေးမှာရှိနေတဲ့ Box လေးမှာ အမှတ်အသားလေး ပေးထားခဲ့မယ်ဆိုရင်ရပါပြီ။ နောက်ထပ် အသုံးဝင်တဲ့စနစ်တစ်ခုကတော့ Silence Ringer ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ Silence Ringer ဆိုတဲ့စနစ်ကတော့ ကိုယ့်ရဲ့ဖုန်းထဲကို ပြင်ပကနေခေါ်ဆိုမှု ဖုန်းဝင်လာတဲ့အချိန်မှာ ဖုန်းရဲ့မျက်နှာပြင်ကိုမှောက်ပြီး ပြန်လှန်လိုက်ရုံနဲ့ မြည်နေတဲ့ဖုန်း Ring သံကို ပိတ်ပေးနိုင်မယ့်စနစ်ပဲ ဖြစ်ပါတယ်။ ဖုန်းကတော့ ကျသွားမှာ မဟုတ်ပါဘူး။ ဖုန်းရဲ့မြည်နေတဲ့ Ring သံကိုပဲ ပိတ်ပေးလိုက်မှာဖြစ်ပါတယ်။ သူကတော့ ဖုန်းအချို့မှာပါဝင်တဲ့ Motion ဆိုတဲ့စနစ်၊ Gesture Control ဆိုတဲ့စနစ်မျိုးနဲ့ ဆင်တူပါတယ်။ ဒီစနစ်ကလည်း အသုံးပြုချင်တယ်ဆိုရင် အမှတ်အသားလေး ပေးခဲ့ရုံပါပဲ။ နောက်ထပ် အသုံးပြုနိုင်မယ့် စနစ်တစ်ခုကတော့ Facedown Sensitivity ဆိုတဲ့စနစ်ပါပဲ။ ဒီစနစ်ကတော့ ကိုယ်အသုံးပြုမယ့် Facedown စနစ်အတွက် Sensor ကနေ သိရှိလုပ်ဆောင်ပေးနိုင်မယ့် နှုန်းတွေကို ချိန်ညှိနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ Sensor တွေရဲ့ Sensitive နှုန်းတွေကို သတ်မှတ်ပေးနိုင်ပါတယ်။ ဒီစနစ်ထဲကို ၀င်လိုက်မယ်ဆိုရင်တော့ Low, Medium, High, Higher, Highest ဆိုပြီး စနစ်တွေရှိပါတယ်။ ဒီထဲကနေ ကိုယ်နှစ်သက်ရာနှုန်းအတိုင်း ချိန်ညှိပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်က Sensor တွေရဲ့ Sensitive နှုန်းကို ကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ Highest ဆိုတဲ့နေရာမှာထားပြီး အသုံးပြုနိုင်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကလည်း အထက်မှာဖော်ပြခဲ့တဲ့ Facedown Sensitivity ဆိုတဲ့ စနစ်ချင်းတူညီတဲ့ Shake Sensitivity ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကလည်း Sensor ရဲ့ Control စနစ်နဲ့ Sesitive နှုန်းကို ကိုယ်ကိုယ်တိုင် ချိန်ညှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ထဲမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ Facedown Sensitivity ထဲမှာပါဝင်သလိုမျိုးပဲ တူညီတဲ့စနစ်တွေပါဝင်ပြီး ချိန်ညှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Movement Sensitivity ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ Proximity Control ဆော့ဖ်ဝဲစနစ်ကို အသုံးပြုနေစဉ်မှာ ဖုန်းရဲ့လုပ်ဆောင်ချက်တွေနဲ့ ဖုန်းရဲ့ရွေ့လျားနိုင်မှုနှုန်းတွေကို ချိန်ညှိတဲ့နေရာပါ။ ဒီနေရာမှာဆိုရင်လည်း အထက်မှာ ဖော်ပြခဲ့သလိုပဲ Low, Medium အစရှိတဲ့ ရွေးချယ်စရာတွေနဲ့ပဲ စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဖော်ပြပေးခဲ့တဲ့ စနစ်တွေအားလုံးဟာ Proximity Control ဆော့ဖ်ဝဲထဲမှာ အသုံးဝင်နိုင်မယ့် စနစ်တွေပဲဖြစ်ပါတယ်။ အချို့အချို့သော စနစ်တွေကိုလည်း ချန်လှပ်ထားခဲ့တာရှိပါတယ်။  အသုံးတည့်နိုင်မယ့် စနစ်တွေကိုပဲ ရွေးချယ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ကျန်ရှိတဲ့ စနစ်အချို့ထဲမှာလည်း ဖော်ပြခဲ့တဲ့ စနစ်တွေလိုပဲ အသုံးပြုပုံစံချင်း ဆင်တူတွေပဲဖြစ်တဲ့အတွက် သိပ်ပြီးတော့ အခက်အခဲမဖြစ်နိုင်ပါဘူး။

  မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။

Proximity Talk ဆော့ဖ်ဝဲအသုံးပြုပုံ (၃)



Proximity Talk နဲ့သက်ဆိုင်တဲ့ ကျန်ရှိသော အချက်အလက်များကို ဆက်လက်ဖော်ပြပေးပါမယ်။ Proximity Talk ထဲမှာရှိနေတဲ့ နောက်ထပ်စနစ်တစ်ခုကတော့ Call Waiting Notification ဆိုတဲ့စနစ်ပါ။ ဒီစနစ်ကတော့ ဖုန်းတိုင်းမှာ အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင်တော့ ဒါက မြန်မာ့ဆက်သွယ်ရေးရဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ Call  Waiting ၀န်ဆောင်မှုစနစ်ကို ယူထားမှပဲ ဒီစနစ်ကို အသုံးပြုလို့ အဆင်ပြေနိုင်ပါလိမ့်မယ်။ ဒီစနစ်ကတော့ ကိုယ်က အခြားဖုန်းတစ်လုံးကို လက်ခံပြီး စကားပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်းတစ်လုံး ထပ်ဝင်လာခဲ့တယ်ဆိုရင် အသိပေးမယ့် စနစ်ပဲဖြစ်ပါတယ်။ အသုံးပြုသူက Call Waiting စနစ်ကို အသုံးပြုထားတယ်ဆိုမှပဲ ဒီစနစ်က အလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အခြားနောက်ထပ် စနစ်တစ်ခုကတော့ Initially On ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ကိုယ့်ဖုန်းထဲကို ဖုန်းဝင်လာတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ခေါ်ဆိုမှုတစ်ခု စကားပြောခြင်း စနစ်တစ်ခုကို စတင်ချိန်မှာပဲဖြစ်ဖြစ် ဖုန်းရဲ့စပီကာကို အလိုအလျောက် ဖွင့်ပြီးသားဖြစ်စေမယ့် စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့နေရာမှာတော့ Never, Incoming Calls, Outgoing Call, All Calls ဆိုပြီး ၄ မျိုး အသုံးပြုနိုင်ပါတယ်။ အသုံးမပြုချင်ဘူးဆိုရင်တော့ Never မှာပဲထားလိုက်ပါ။ အ၀င်ခေါ်ဆိုခြင်းတွေအတွက်ပဲ ဖုန်းရဲ့စပီကာကို အလိုအလျောက်ထားပြီး အထွက်ခေါ်ဆိုခြင်းတွေအတွက်ဆိုရင်တော့ Outgoing Calls မှာထားရပါမယ်။ ဖုန်းပြောသမျှ အားလုံးအတွက်ဆိုရင်တော့ All Calls မှာထားနိုင်ပါတယ်။ နောက်တစ်ခုကတော့ Turn Speaker On/Off ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ Proximity Talk ဆော့ဖ်ဝဲစနစ်နဲ့ ဖုန်းပြောနေချိန်မှာ ဖုန်မှာပါဝင်တဲ့ Proximity Sensor စနစ်နဲ့ အသုံးပြုတာဖြစ်တဲ့အတွက် ဖုန်းကို နားနဲ့ကပ်လိုက်ရုံနဲ့ စကားပြောနိုင်တာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဖုန်းရဲ့ Screen ဟာ Off ဖြစ်နေမှာပါ။ စကားပြောနေရင်းနဲ့ ဖုန်းကို နားနဲ့ခွာလိုက်ချိန်မှာတော့ Proximity Sensor ပြန်ပွင့်သွားမှာဖြစ်တဲ့အတွက် ဖုန်းရဲ့ Screen ကလည်း ပြန်ပြီးလင်းလာမှာဖြစ်ပါတယ်။ ဒီလိုမျိုး Screen လင်းလာတဲ့အချိန်၊ ဖုန်းကိုနားနဲ့ခွာလိုက်တဲ့အချိန်မှာ ဖုန်းရဲ့စပီကာကို အလိုအလျောက် ဖွင့်စေနိုင်ဖို့ ပြုလုပ်နိုင်တဲ့စနစ်ကိုတော့ Turn Speaker On/Off စနစ်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဘေးနားမှာရှိနေတဲ့ Box လေးမှာ အမှတ်ကလေး ခြစ်ပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ဖုန်းပြောနေရင်းနဲ့ ဖုန်းကိုနားနဲ့ခွာလိုက်ချိန်မှာ စပီကာက အလိုအလျောက် ပွင့်လာမှာပါ။ ဒါ့အပြင် Notification နဲ့သက်ဆိုင်တဲ့ အခြားစနစ်ငယ်အချို့လည်း ရှိနေပါသေးတယ်။ ဒီစနစ်ငယ်တွေကတော့ အသုံးပြုဖို့ လွယ်ကူပါတယ်။  အခြား နောက်ထပ်စနစ်တစ်ခု ရှိပါသေးတယ်။ ဒီစနစ်ကတော့ End Call ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်လေးကလည်း အသုံးပြုလို့ကောင်းတဲ့ စနစ်လေးပါပဲ။ Proximity Talk စနစ်နဲ့ ဖုန်းလာချိန်မှာ ဖုန်းကို တိုက်ရိုက်လှမ်းကိုင်လိုက်နိုင်မှာဖြစ်ပြီး ဖုန်းပြန်ချချင်တဲ့အချိန်မှာ ဒီစနစ်လေးကို အသုံးပြုနိုင်ပါတယ်။ End Call ဆိုတဲ့ ဒီစနစ်လေးကတော့ ဖုန်းပြန်ချပေးတဲ့ စနစ်လေးပဲဖြစ်ပါတယ်။ ဒီစနစ်မှာ စနစ်လေးမျိုးရှိပါတယ်။ ပါဝင်တဲ့ စနစ်လေးမျိုးကတော့ Never, Face Down, Shake, Face Down or Shake ဆိုတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ အသုံးမပြုချင်ဘူးဆိုရင်တော့ Never ကိုထားပါ။ Facedown ဆိုတာကတော့ ဖုန်းရဲ့မျက်နှာပြင်ကို ပြောနေရင်းကနေ မှောက်လိုက်တာနဲ့ ဖုန်းကျသွားမှာ ဖြစ်ပါတယ်။ Shake ဆိုတာကတော့ ဖုန်းပြောချိန်မှာ ဖုန်းကိုနားကနေခွာပြီး Shake လုပ်ခြင်း (ဖုန်းကို ဘယ်ညာလှုပ်ရမ်းလိုက်ခြင်း) ပြုလုပ်လိုက်တာနဲ့ ဖုန်းချလိုက်မှာဖြစ်ပါတယ်။ Facedown or Shake ဆိုတာကတော့ ဒီစနစ်နှစ်ခုစလုံးကို တစ်ပြိုင်နက် အသုံးပြုမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစနစ်လေးတွေကတော့ အသုံးပြုသူတွေအနေနဲ့ အသုံးပြုလို့ကောင်းတဲ့ စနစ်လေးတွေပဲဖြစ်ပါတယ်။ Proximity Talk ထဲမှာ အခြားအသုံးပြု စနစ်အချို့လည်း ရှိနေပါသေးတယ်။ ခုဖော်ပြခဲ့တာကတော့ အသုံးဝင်တဲ့ စနစ်လေးတွေပဲဖြစ်ပါတယ်။
မှတ်ချက် ။ ။ အင်တာနက်ဂျာနယ် မှကူးယူဖော်ပြခြင်းဖြစ်ပါသည်..။